2 w - Translate

အပိုဆုကြေး သန်းကြွယ်သူဌေး Charles Oliveira
UFC 309 ပြိုင်ပွဲမှာ Charles Oliveira နဲ့ Michael Chandler တို့ကို အကောင်းဆုံးတွဲဆိုင်း (Fight of the Night) သတ်မှတ်လိုက်တာမို့ ကစားသမားတွေက ဒေါ်လာ (၅) သောင်းစီရကြတယ်။
အခုဆိုရင် Charles Oliveira က အပိုဆုကြေးရတာ အကြိမ် (၂၀) ရှိလာပါပြီ။ UFC အဖွဲ့အစည်းမှာ အပိုဆုကြေးအများဆုံး ကစားသမားပါပဲ။ အပိုဆုကြေးပမာဏတင် ဒေါ်လာ (၁) သန်း (၂) သောင်းရှိပါပြီ။ အပိုဆုကြေးစုစုပေါင်း ဒေါ်လာ (၁) သန်းကျော်ရဖူးတဲ့ ပထမဆုံး ကစားသမားဖြစ်လာပါပြီ။
ဒီနေရာမှာ စာဖတ်သူက ကတ်သီးကတ်သတ်လာမေးလို့ရပါတယ်။ အပိုဆုကြေးက ဒေါ်လာ (၅) သောင်းဆိုတော့ အကြိမ် (၂၀) ဆိုရင် ဒေါ်လာ (၁) သန်းဖြစ်ရမှာမလား။ ဘာလို့ ဒေါ်လာ (၁) သန်း (၂) သောင်းဖြစ်နေရတာလဲ။ ဒါဆိုရင် အပိုဆုကြေးရဲ့ သမိုင်းကြောင်းကို ပြန်ကြည့်ရအောင်။
ဟိုးအရင်တုန်းက အပိုဆုကြေးပမာဏက ဒေါ်လာ (၃) သောင်းပါ။ နောက်ပိုင်းမှာ ဒေါ်လာ (၄) သောင်းအထိ တိုးပေးလိုက်တယ်။ ဒေါ်လာ (၅) သောင်းခွဲဖြစ်လာတယ်။ နောက်ထပ် (၅) သောင်းတဲ့။ ဒေါ်လာ (၇) သောင်းခွဲပေးတာလည်း ရှိတယ်။ ဒေါ်လာ (၆) သောင်းဖြစ်လိုက်သေးတယ်။ ပမာဏက အမျိုးမျိုးပြောင်းနေတာပါ။
UFC အဖွဲ့အစည်းမှာ အပိုဆုကြေးပမာဏက မတည်ငြိမ်ပါဘူး။ ပေးချင်သလို ပေးတာပါ။ များတာလည်းရှိသလို နည်းတာလည်းရှိပါတယ်။ နောက်ပိုင်းမှာ အပိုဆုကြေးပမာဏကို ဒေါ်လာ (၅) သောင်းရယ်လို့ သတ်မှတ်လိုက်တာပါ။
UFC 300 ပြိုင်ပွဲမှာ အပိုဆုကြေး ဒေါ်လာ (၃) သိန်းပေးဖူးပေမယ့် ဒါက အထင်ကရရာပြည့်ပြိုင်ပွဲမို့ပါ။ အပိုဆုကြေးနှုန်းက မတည်ငြိမ်တာမို့ ခေါင်းဖြူကြီး Charles Oliveira ရဲ့ စုစုပေါင်းအပိုဆုကြေးပမာဏက ဒေါ်လာ (၁) သန်းမဟုတ်ဘဲ ဒေါ်လာ (၁) သန်း (၂) သောင်းဖြစ်နေရတာပါ။

image