20 w - Translate

🚨🇭🇷: ခရိုးအေးရှားသားကြီး လူကာ မိုဒရစ်ဟာ ရီးရဲယ်မက်ဒရစ်မှာ လစာအများကြီး လျှော့ယူပြီး၊ အရန်ကစားသမားအဖြစ်နဲ့တော-င် ဆက်နေချင်ပေမဲ့လည်း အသင်းဘက်ကတော့ ၃၈ နှစ်သားကြီးကို စာချုပ်သက်တမ်းမတိုးဖို့ ဆုံးဖြတ်လိုက်ပြီလို့ သိရပါတယ်။

အဓိက,အကြောင်းအရင်းကတော့ လူငယ်ကစားသမားတွေကို ပိုပြီး နေရာပေးချိန်တန်ပြီလို့ ယူဆခဲ့တာကြောင့်ဖြစ်ပြီး၊ တူရကီကြယ်ပွင့်လေး အာဒါ ဂူလာက မိုဒရစ်ရဲ့နေရာကို အစားထိုးနိုင်လိမ့်လို့ ရီးရဲယ်က ယုံကြည်ထားပါတယ်။

ဒါကြောင့် ၁၂ နှစ်ကြာကစားခဲ့ပြီးနောက် မိုဒရစ်ရဲ့ဘာနေဗျူးကစားသမားဘဝက ယခုရာသီကုန်မှာ အဆုံးသ-တ်တော့မှာပါ။

ရီးရဲယ်မက်ဒရစ်ကတော့ အသင်းရဲ့ဂန္ထဝင်ကြီးကို အကောင်းဆုံးနည်းလမ်းနဲ့ ခမ်းခမ်းနားနား ဂုဏ်ပြုနှုတ်ဆက်ဖို့ ပြင်ဆင်ထားပါတယ်။

Source- ( Relvo 🏅)

image