20 w - Translate

လူတိုင်းက အရင်ဆုံး သဘောကျပြီးတော့မှ
ချစ်သွားကြတာမလား ။
သဘောကျလို့ စတွဲကြရင်း တစ်ယောက်နဲ့တစ်ယောက်
ချစ်သွားကြတဲ့ ဇာတ်လမ်းလေးတွေ ရှိတယ်မလား။

သဘောကျရင်း သဘောကျရင်း. . .
သဘောကျလို့ စတွဲကြရင်း . . .
တွဲရင်းနဲ့ တွဲရင်းနဲ့ချစ်သွားတာမျိုးလေး ကို
သဘောကျတယ်။

သူ့အကြောင်း ကိုယ့်အကြောင်းကို
တစ်ဖြည်းဖြည်းချင်း သိပြီးတော့မှ ချစ်လာရတာ
ဘယ်လောက် ကောင်းလိုက်လဲ။

သူ့ရဲ့ အားနည်းချက် ၊ ကိုယ့်ရဲ့ အားနည်းချက်။
သူရဲ့ dark side ၊ ကိုယ့်ရဲ့ dark side
တစ်ဖြည်းဖြည်းချင်း နားလည်ပြီး ချစ်ကြတာဆိုတော့
နားလည်မှုတွေလည်း ပိုပေးနိုင်မယ်လို့ထင်တယ် ။

တွဲတာကြာလေလေ . . .
ပိုပြီး ချစ်လာလေလေ . . .
သံယောဇဉ်တွေ တိုးလာလေလေ . . .။

®ခဲတံ®

image