20 w - Translate

အင်တာနက်မလိုတဲ့ စပိုင် AI များကို Microsoft ဖန်တီး

Microsoft မှ အမေရိကန်စပိုင်အေဂျင်စီများအတွက် အထောက်အကူပြုနိုင်မယ့် လျှို့ဝှက် AI မော်ဒယ်အသစ်တစ်ခုကို အင်တာနက်မလိုပဲ အသုံးပြုနိုင်အောင် အထူးဖန်တီးပေးခဲ့ပါတယ်။

Microsoft အနေနဲ့ ဒီ AI မော်ဒယ်ကို ၁၈လ ကြာအောင် ဖန်တီးခဲ့တာဖြစ်ပြီး လျှို့ဝှက်ထိပ်တန်းသတင်းတွေကို လုံခြုံစွာထားရှိနိုင်ဖို့အတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားတာပါလို့ ပြောကြားခဲ့ပါတယ်။ လူအပါအဝင် အခြားသော အင်တာနက်နဲ့ချိတ်ဆက်ထားတဲ့ ပစ္စည်းတွေထက်စာရင် ဒီ AI မော်ဒယ်ဟာ လျှို့ဝှက်သတင်းတွေ ပေါက်ကြားနိုင်မယ့် အခွင့်အရေးနည်းပါးသွားစေဖို့အတွက်လည်း အထောက်အကူပြုစေမှာဖြစ်ပါတယ်။

Open AI ရဲ့ GPT4 ကို အခြေခံပြီး တည်ဆောက်ထားတဲ့ ဒီမော်ဒယ်ကတော့ “air-gapped” ဖြစ်တာကြောင့် US အစိုးရမှသာ ဝင်ရောက်နိုင်မှာဖြစ်ပါတယ်။ US အစိုးရအဖွဲ့ထဲမှာမှ အထူးခွင့်ပြုချက်ရရှိသူများသာ သုံးနိုင်တဲ့အထိ လုံခြုံရေးကန့်သတ်ထားတာကြောင့်လည်း အင်တာနက်သာမက အခြားသော source များနှင့်လည်း ချိတ်ဆက်ထားခြင်းမရှိပဲ ဖန်တီးပေးထားတာဖြစ်ပါတယ်။ လက်ရှိမှာတော့ US အစိုးရအဖွဲ့ထဲမှ လူဦးရေ ၁ သောင်းဝန်းကျင်လောက်က စတင်အသုံးပြုနေကြပါပြီ။

ထောက်လှမ်းရေးအေဂျင်စီအချို့ကလည်း လုံခြုံရေးအချက်အလက်များကို အရင်ထက်ပိုပြီး ထိရောက်စွာ ကိုင်တွယ်နိုင်ဖို့ရာ AI ကို အသုံးပြုချင်နေချိန်မှာပဲ ဒီ AI မော်ဒယ်ကို ထုတ်လုပ်ပေးခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ထောက်လှမ်းရေးအေဂျင်စီတွေဘက်က ဒီ AI မော်ဒယ်ကို စမ်းသပ်ခြင်းလည်း မရှိသေးသလို အသိအမှတ်ပြုထားခြင်းတော့ လောလောဆယ်မရှိသေးပါဘူး။

image