21 w - Translate

ခေါင်းစည်းကြိုးတွေကို လက်မှာမစည်းသင့်တဲ့အကြောင်းရင်း

အခုအခါမှာ ခေါင်းစည်းကြိုးတွေကို လက်မှာလက်ပတ်အဖြစ် ပတ်ထားတဲ့ဖက်ရှင်က ခေတ်စားနေပါတယ်။ တစ်ချိုခေါင်းစည်းကြိုးတွေဟာ ဒီလိုပတ်လိုရအောင် တမင်ဒီဇိုင်းထွင်ထုတ်လုပ်လာတာကို တွေ့ရပါတယ်။

သင်လဲဖတ်နေရင်းနဲ့ လက်မှာခေါင်းစည်းကြိုးလေး ပတ်ထားချင်ပတ်ထားမှာပေါ့။ အလှအပရှုထောင့်ကကြည့်ရင် စတိုင်ကျသလိုဖြစ်နေပေမယ့် ကျန်းမာရေးရှုထောင့်ကကြည့်ရင်တော့ ဒါဟာမလုပ်သင့်တဲ့ အမှားတစ်ခုပါ။ ခေါင်းစည်းကြိုးတွေကို ဆံနွယ်တွေကို စည်းနှောင်ရာမှာပဲ အသုံးပြုသင့်ပါတယ်။ ဘာလိုမလုပ်သင့်သလဲဆိုတဲ့ အကြောင်းပြချက်တွေကို ရှင်းလင်းဖော်ပြထားပါတယ်။

ခေါင်းစည်းကြိုးဟာ ဆံပင်ကို စည်းနှောင်ထားချိန်မှာ ဆံပင်က ချွေးတွေဖုန်တွေကပ်ညိနေတတ်ပြီး ဟိုချဒီချဆိုရင် ဘက်တီးရီးယားတွေ ကပ်ညိနေတတ်ပါတယ်။ ကန်တက်ဂီ(Kentucky)ပြည်နယ်က အမျိုးသမီးတစ်ဦးဟာ မကြာခဏဒီလိုစည်းထားတဲ့အကျင့်ရှိပြီး တစ်နေ့မှာ သူမလက်မှာ အနီရောင်အပိန့်တွေ အများကြီးထွက်လာပါတယ်။ အဲ့ဒီနောက်မှာ အတော်ဆိုးရွားလာတာကြောင့် ဆေးရုံပြေးရတဲ့အထိဖြစ်သွားပါတယ်။ ဆရာဝန်က သူမရဲ့ဒီအကျင့်ဟာ သူမကိုဒုက္ခရောက်စေတာလိုဆိုပါတယ်။ “အရေပြားဟာ နုနယ်ပါတယ်။ ဒီလိုဘက်တီးရီးယားတွေပြည့်နေတဲ့ ခေါင်းစည်းကြိုးနဲ့ အရေပြားကို အချိန်အတော်ကြာထိတွေ့စေတာ အန္တရာယ်များပါတယ်။”လို ဆိုပါတယ်။

တစ်ခါတစ်လေ အရေပြားမှာ ထိခိုက်ဒဏ်ရာရနေရင် ပိုးဝင်လွယ်ပါတယ်။ သတ္တုတွေနဲ့ အချွန်အတက်တွေ၊ အလက်လက်တွေပါတဲ့ ခေါင်းစည်းကြိုးတွေက လက်ကို ခြစ်မိတာတွေဖြစ်တတ်ပါတယ်။ ဒီဒဏ်ရာနဲ့ ဘက်တီးရီးယားပိုးနဲ့ထိတွေ့တဲ့အခါ ရောင်ရမ်းတာ နာကျင်တာကအစပြုလို အသားအရည်အလိုက် အရေပြားပြဿနာတွေ ပေါ်ပေါက်နိုင်ပါတယ်။ တစ်ကယ်လို လက်မှာစည်းချင်တယ်ဆိုရင်တော့ သက်သက်သာထပ်ဝယ်လိုက်ပါ။ ခေါင်းစည်းကြိုးတွေကိုလည်း အမြဲသန့်စင်ဆေးကြောပေးဖို လိုအပ်ပါတယ်။ သန့်စင်ဆေးရည်နဲ့ဖြစ်ဖြစ် ဆပ်ပြာနဲ့ဖြစ်ဖြစ် သေချာဆေးကြောပေးသင့်ပါတယ်။

image