21 w - Translate

ကမ္ဘာကြီးနဲ့ ဘီလီယံချီတဲ့ မိုင် အဝေး အာကာသတစ်နေရာမှာ ရွှေမြန်မာတို့ရဲ့ နှုတ်ဆက်စကားလေး တစ်ခွန်းရှိနေမယ်ဆိုရင် သင်ယုံမလား?

ဖြစ်နိုင်ပါ့မလားပေါ့-တွေးမိပါလိမ့်မယ်

တကယ်ပါ ရှေးခေတ်က နှုတ်ဆက်တဲ့စကားဖြစ်တဲ့ “မာရဲ့လား ခဗျာ” ဆိုတဲ့ အသံဖိုင်က Voyager 1 ရဲ့ Golden Record ရဲ့ “Greeting in 55 Languages” ထဲမှာ ပါဝင်ပါတယ်

Voyager 1 က 1977 ခုနှစ်ကနေ စတင်လွှတ်တင်ခဲ့တာဖြစ်ပြီး လက်ရှိမှာ 15 ဘီလီယမ် မိုင် အဝေးမှာရှိနေပါပြီ လူသားတွေနဲ့ အဝေးဆုံးမှာရှိတဲ့ လူသားတွေ ဖန်တီးထားတဲ့ ပစ္စည်းတစ်ခုပေါ့ဗျာ

ဒီထဲမှာမှ ရွှေမြန်မာတွေရဲ့ နှုတ်ဆက် စကားတစ်ခွန်းပါနေတယ်ဆိုတာ သိလိုက်ရတော့ ဂုဏ်ယူမိရတာပါပဲ

Aliens တွေ Golden Record ကို စတွေ့ရင် “Greetings in 55 Languages” ထဲက စက္ကန့် ၄၄ မှာ “မာရဲ့လား ခဗျာ” ဆိုတဲ့ အသံကို စကြားရမှာပါ

Aliens တွေတောင် မြန်မာတို့ရဲ့ အသံကိုကြားနိုင်ဖို့ အခွင့်အရေးရှိပေမဲ့ သူမရဲ့ “ချစ်တယ်” ဆိုပြီးပြောတဲ့အသံလေးကို သင်ကြားနိုင်ပါ့မလား🤔

image