21 w - Translate

ကမ္ဘာ့ပထမဆုံးအဖြစ် ဝက်ကျောက်ကပ်ကို အစားထိုးခွဲစိတ် ထည့်သွင်းခဲ့တဲ့ အမျိုးသား ကွယ်လွန်

ကမ္ဘာ့ပထမဆုံးအဖြစ် မျိုးဗီဇပြုပြင်ထားတဲ့ ဝက်ကျောက်ကပ်ကို အစားထိုးခွဲစိတ် ထည့်သွင်းခဲ့တဲ့ အမျိုးသားဟာ ခွဲစိတ်မှုလုပ်ပြီး ၂လအကြာမှာပဲ သေဆုံးသွားခဲ့ပါတယ်။ အသက် ၆၂ နှစ်အရွယ်ရှိတဲ့ ရစ်ချက်စလေမန်းဟာ ကုသမရနိုင်တော့တဲ့ ကျောက်ကပ်ရောဂါ ခံစားနေရသူဖြစ်ပြီး ပြီးခဲ့တဲ့မတ်လမှာ အစားထိုးခွဲစိတ်မှု လုပ်ခဲ့တာပါ။

ရစ်ချက်စလေမန်း သေဆုံးမှုဟာ ကျောက်ကပ်အစားထိုး ခွဲစိတ်ထည့်သွင်းမှုကြောင့် မဟုတ်ဘူးလို့ မက်ဆာချူးဆက်အထွေထွေဆေးရုံက ထုတ်ပြန်ခဲ့ပါတယ်။ မျိုးဗီဇပြုပြင်ပြီး အဆင့်မြှင့်တင်ထားတဲ့ ဝက်ခန္ဓာကိုယ်အစိတ်အပိုင်း အစားထိုး ခွဲစိတ်မှုတွေဟာ ယခင်တုန်းက အောင်မြင်ခဲ့ခြင်းမရှိပါဘူး။ ဒါပေမဲ့ ရစ်ချက်စလေမန်းရဲ့ ခွဲစိတ်မှုက သမိုင်းဝင်ခြေလှမ်းသစ်တစ်ရပ် ဖြစ်တယ်လို့ သတ်မှတ်ခံခဲ့ရတာပါ။

Ref: The first person to receive a genetically modified pig kidney transplant has died

image