21 w - Translate

Generative AI တွေက ရုပ်ရှင် တွေအထိပါ ရောက်လာပါပြီ

Queen of Tears ကတော့ ပြီးသွားပေမဲ့ ပရိတ်သက်တွေကတော့ Move On မလုပ်နိုင်ကြသေးဘူးနဲ့တူပါတယ်

tech ဘက်မှာလဲ QOT ရိုက်တုန်းက သုံးခဲ့တဲ့ နည်းပညာတွေ အကြောင်း တက်လာတာနဲ့ ဖော်ပြလိုက်ရပါတယ်

QOT ထဲက “ဟယ်အင်း” ရောဂါ စဖြစ်ကာစမှာ နှင်းတောထဲ ရောက်သွားတဲ့ Scene ကို မှတ်မိကြမှာပါ ၊ နောက်ပြီး ကားမောင်းတဲ့ Scene တွေရောပေါ့

ပုံမှန်ဆိုရင် ဒီလို Scene တွေမှာ Green Screen တွေသုံးပြီးရိုက်ကူးကြတာပါ QOT မှာတော့ LED Panel တွေ ကန့်ထားတဲ့ အခန်းဖြစ်တဲ့ Virtual Production စနစ်ကိုသုံးထားတာပါ

နှင်းတောထဲက Scene ကိုပြန်သွားရရင်
နောက်ကသစ်ပင်တွေရှုပ်ထွေးနေတဲ့ တောအုပ်က Generative AI ကိုသုံးပြီးဖန်တီးထားတာပါတဲ့ ဒီလိုရှုပ်ထွေးတဲ့ တောအုပ်ပုံစံကို သာမန် Artist တစ်ယောက်က ဖန်တီးဆိုရင် မလွယ်ကူဘူးဆိုပါတယ်

CJ ENM ကပြောပြတဲ့ပုံအရ Virtual Production တွေရဲ့ အားသာချက်က ရုပ်ရှင်သရုပ်ဆောင်တွေအတွက် သရုပ်ဆောင်ရတဲ့နေရာမှာ ပိုလွယ်ကူတယ်ဆိုပြီးပြောပါတယ်

သူတို့ပြောချင်တဲ့သဘောက Green Screen တွေဆိုရင် ဒီတိုင်းသရုပ်ဆောင်ရပေမဲ့ Virtual Production ရဲ့ LED Board တွေမှာ ပုံရိပ်တွေပြပေးနေတာဆိုတော့ တကယ့် သဘာဝဆန်ဆန် ပိုဖြစ်ပါသတဲ့

လက်ရှိအသုံးပြုပြီး ရိုက်ကူးထားတဲ့ LED Screen က ပေနှစ်ဆယ်ကျော် အမြင့်ရှိတဲ့ Curved Screen လို့သိရပါတယ်...

image