21 w - Translate

မေလ(၁၄)ရက်နေ့မှာ ကစားမယ့် တော့တင်ဟမ်ဟော့စပါး-မန်စီးတီးပွဲမှာ ဘယ်သူတွေက ဘယ်အသင်းကို အားပေးကြမလဲ

လာမည့် မေလ(၁၄)ရက်နေ့တွင် ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ် တော့တင်ဟမ်ဟော့စပါး-မန်စီးတီးပွဲတွင် မည်သည့်အသင်းပရိသတ်တွေက မည်သည့်အသင်းကို အားပေးမည်ဆိုသည်ကို တွက်ဆကြည့်လျှင် နောက်ခံအကြောင်းတရားများအရ Mind Blowing (အံအားသင့်စရာ)ဖြစ်စေနိုင်သည့် အချက်များကို တွေ့ရမည်ဖြစ်သည်။

■ အာဆင်နယ်ပရိသတ်များက မြို့ခံပြိုင်ဘက်တော့တင်ဟမ်ဟော့စပါးအသင်း အနိုင်ရရှိစေရန် အားပေးကြမည်။

အကြောင်းအရင်း - အာဆင်နယ်အသင်းနှင့် စပါးအသင်းမှာ ခါးသီးသောမြို့ခံပြိုင်ဘက်များဖြစ်သော်လည်း အာဆင်နယ်ပရိသတ်များက ယင်းပွဲ၌ စပါးအသင်းအနိုင်ရစေရန်အလိုရှိကြမည်မှာ မြေကြီးလက်ခတ်မလွဲဖြစ်သည်။ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အပြိုင်ဖြစ်နေသော မန်စီးတီးအသင်းရမှတ်လျော့စေရန်အတွက် အာဆင်နယ်ပရိသတ်များက တော့တင်ဟမ်ဟော့စပါးအသင်းကို အားပေးကြလိမ့်မည်ဖြစ်သည်။

■ တော့တင်ဟမ်ဟော့စပါးပရိသတ်များက မန်စီးတီးအသင်းအနိုင်ရစေရန် အားပေးကြမည်။

အကြောင်းအရင်း - ယင်းပွဲမှာ တော့တင်ဟမ်ဟော့စပါးအသင်းနှင့် မန်စီးတီးအသင်းတို့၏ ပွဲဖြစ်သော်လည်း တော့တင်ဟမ်ဟော့စပါးပရိသတ်အများစုအနေဖြင့် ၎င်းတို့အသင်းအနိုင်ရသည်ကို မြင်တွေ့လိုမည်မဟုတ်ပေ။ပရီးမီးယားလိဂ်တွင် ၎င်းတို့၏ခါးသီးသော မြို့ခံပြိုင်ဘက်အာဆင်နယ်အသင်း ချန်ပီယံမဖြစ်စေရန် စပါးပရိသတ်အများစုက အလိုရှိနေကြပြီး ယင်းပွဲတွင် မန်စီးတီးအသင်းရမှတ်ပြည့်ရရှိရေးအတွက်သာ ဆန္ဒရှိနေကြမည်ဖြစ်သည်။

image