21 w - Translate

ရေကြီးမှုများကြောင့် လူ ၁၄၅ ဦးသေဆုံးခဲ့ရပြီး လူထောင်ချီ အိုးအိမ်စွန့်ခွာခဲ့ရသည့် ဘရာဇီးတောင်ပိုင်းတွင် မိုးများထပ်မံရွာသွန်းနေသဖြင့် မြစ်ရေများတိုးလာကာ ရေကြီးမှု ထပ်မံ ကြုံရဖွယ်ရှိနေ

ရေကြီးမှုများကြောင့် လူ ၁၄၅ ဦးသေဆုံးခဲ့ရပြီး လူထောင်ချီ အိုးအိမ်စွန့်ခွာခဲ့ရသည့် ဘရာဇီးတောင်ပိုင်းတွင် မိုးများ ထပ်မံရွာသွန်းခဲ့ရာ မေ ၁၂ ရက်တွင် မြစ်ရေများ ထပ်မံတိုးလာသည်ဟု သိရသည်။

သီးတင်နှစ်ပတ်ကြာ မိုးများခဲ့ခြင်းကြောင့် မြစ်များကမ်းပါးရေကျော်ခြင်း၊ မြို့ရွာများနှင့်ပြည်နယ်မြို့တော် ၏ရပ်ကွက်များ ရေကြီးခြင်းတို့ဖြစ်ပွားခဲ့ပြီးနောက် ရီယိုဂရန်းဒီဆူးလ်ပြည်နယ်မှပြည်သူများသည် ယခုအခါ နောက်ထပ် မိုးများသည့်အနေအထားကို ကြုံတွေ့ရခြင်းကြောင့် ဒုက္ခများကို ထပ်မံရင်ဆိုင်နေရသည်ဟု သိရသည်။

ရေကြီးမှုများက ပြည်သူနှစ်သန်းကျော်ကို ထိခိုက်စေခဲ့သည်ဟု ဆိုသည်။ ထို့အပြင် ရာသီဥတုပြောင်းလဲမှုနှင့် အယ်နီညို မိုးလေဝသဖြစ်စဉ်တို့က ရေကြီးမှုကို ပိုမိုဆိုးရွားစေသည်ဟု ပညာရှင်များက ပြောကြားသည်။

►► (Zawgyi ဖြင့်ဖတ်ရန်)

image