21 w - Translate

ဘဝမှာ ချစ်သူရည်းစား၊လက်တွဲဖော်ရွေးမယ်ဆိုရင် ကော်ဖီချစ်သူကိုရွေး။အအေးနဲ့အခြားအစားထိုးစရာတွေပေါများနေတဲ့ခေတ်မှာ ကော်ဖီမှကော်ဖီ စွဲလန်းဖို့ဆိုတာက ဘယ်လွယ်လိမ့်မလဲ။ ကော်ဖီချစ်သူတွေက မိုးလင်းလည်း ကော်ဖီ၊နေ့လည်လည်း ကော်ဖီ၊ကိစ္စတစ်ခုခုရှိလာရင်လည်း ကော်ဖီ‌လေ။ အဲ့လိုမျိုး အစွဲအလန်းကြီးတတ်တဲ့သူတွေဖြစ်တာ
မို့ ကိုယ့်ကိုလည်း လွယ်လွယ်ရိုးပြီးထားသွားမယ့်သူမဟုတ်ဘူးလို့ ကောက်ချက်ချလို့ရတယ်။Dateမယ်ဆိုလည်း ရှည်ရှည်ဝေးဝေးသွားပြောစရာမလိုဘူး၊ Coffee Dateမလားလို့ပြောရုံပဲ။ကဲ...ဘယ်လောက်အဆင်ပြေလဲ

image