21 w - Translate

လေထုထဲမှာ ကာဗွန်တွေကို စုပ်ယူပေးမယ့် ကမ္ဘာ့အကြီးဆုံး ကာဗွန်စုပ်စက်

လေထုထဲမှ ကာဗွန်ဓာတ်ငွေ့တွေကို စုပ်ယူပေးတဲ့ ကမ္ဘာ့အကြီးဆုံး ကာဗွန်စုပ်စက်ဟာ အိုက်စလန်နိုင်ငံမှာ စတင်လည်ပတ်နေပါပြီ။ ဆွစ်ဇာလန်ကုမ္ပဏီ Climeworks နဲ့ အိုက်စလန်ကုမ္ပဏီ CarbFix တို့ ပူးတွဲတည်ထောင်ထားတဲ့ Orca ကာဗွန်စုပ်စက်ရုံဟာ နှစ်စဉ်နှစ်တိုင်း လေထုထဲမှာ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ တန်ချိန် ၄၀၀၀ စုပ်ယူပေးနိုင်မယ်လို့ ခန့်မှန်းထားပေမဲ့ တကယ့်လက်တွေ့မှာတော့ ကာဗွန်ဓာတ်ငွေ့ တန်ချိန် ၃၆၀၀၀ အထိ စုပ်ယူနိုင်မယ်လို့ ဆိုပါတယ်။

လေထုထဲမှ စုပ်ယူလိုက်တဲ့ ကာဗွန်ဓာတ်ငွေ့တွေကို အလွန်တရာနက်တဲ့ မြေအောက်ထဲကို ပို့ဆောင်မှာဖြစ်ပြီး လာမယ့်နှစ်သန်းပေါင်း ရာချီအထိ မြေပေါ် ပြန်ထွက်လာစေမှာ မဟုတ်ပါဘူး။ အဲဒီလုပ်ဆောင်မှုအားလုံးကို ဘူမိအပူ စွမ်းအင်နဲ့ လည်ပတ်မှာဖြစ်လို့ ကာဗွန်ထုတ်လုပ်မှုရှိမှာ မဟုတ်ပါဘူး။

အမေရိကန်နိုင်ငံ ဝိုင်အိုမင်းပြည်နယ်မှာလည်း တစ်နှစ်ပျမ်းမျှ ကာဗွန်တန်ချိန် ၅ သန်းအထိ စုပ်ယူပေးနိုင်မယ့် ကာဗွန်စုပ်စက်ရုံ တည်ဆောက်ဖို့ စီစဉ်နေပြီး တခြားနိုင်ငံတွေမှာလည်း အလားတူ စီမံကိန်းတွေ စီစဉ်တာ (သို့မဟုတ်) တည်ဆောက်နေပါပြီ။

Ref: The ‘World’s Largest’ Vacuum to Suck Up Carbon Emissions Begins Operating in Iceland

image