21 w - Translate

အင်ဒိုနီးရှားမှာ ရေကြီးရေလျှံမှုကြောင့် လူ ၃၄ ယောက်သေဆုံးပြီး ၁၇ ယောက် ပျောက်ဆုံးနေ

အင်ဒိုနီးရှားနိုင်ငံအနောက်ပိုင်းမှာ ရေကြီးရေလျှံမှုကြောင့် လူ ၃၄ ဦးသေဆုံးပြီး ၁၇ ယောက် ပျောက်ဆုံးနေကြောင်း ဒေသန္တရ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးတာဝန်ရှိသူတွေက ပြောပါတယ်။

အနောက်ဆူမားတြားပြည်နယ်ရှိ ခရိုင်နှစ်ခုမှာ မိုးသည်းထန်စွာရွာသွန်းပြီးနောက် ကျွန်းစုရှိ အတက်ကြွဆုံးမီးတောင်ဖြစ်တဲ့ မာရာပီမီးတောင်ပေါ်ကနေ ကျောက်တုံးကျောက်ခဲတွေပါ ပြိုကျမှုဖြစ်ပွားခဲ့ပါတယ်။

လက်ရှိချိန်ထိ လူ ၃၄ ယောက်သေဆုံးခဲ့ပြီး အာဂန်ခရိုင်မှာ ၁၆ ယောက် တာနာ့ဒါတာခရိုင်မှာ ၁၈ ဦးသေဆုံးကာ ပျောက်ဆုံးနေသူ ၁၇ ယောက်ကို ဆက်လက်ရှာဖွေနေကြောင်း အနောက်ဆူမားတြား သဘာဝဘေးအန္တရာယ် အေဂျင်စီက ပြောပါတယ်။

ရှာဖွေကယ်ဆယ်ရေးတွေ ဒေသခံတွေ ကယ်ဆယ်ရေးသမားတွေအပြင် ရဲတပ်ဖွဲ့နဲ့ စစ်သားတွေကိုလည်း ဖြန့်ကြက်ထားကြောင်း တာဝန်ရှိသူတွေကပြောပါတယ်။ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေအပေါ် ဦးစားပေးလုပ်နေတာကြောင့် ဘေးလွတ်ရာပြောင်းရွှေ့ရသူအရေအတွက်ကို အတိအကျမသိရသေးကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ မိုးရာသီကာလအတွင်း မြေပြိုမှုနဲ့ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားလေ့ရှိပြီး လွန်ခဲ့သတဲ့ မတ်လအတွင်းကလည်း အနောက်ဆူမားတြားမှာ ရေကြီးရေလျှံနဲ့ မြေပြိုမှုတွေကြောင့် ၂၆ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။

image