21 w - Translate

#ငွေနှင်းမှိုကြက်ချဉ်စပ်သောက်ဆမ်းချက်နည်း

ပါဝင်ပစ္စည်းများ
ငွေနှင်းမှို - ၂၀ဝ ဂရမ်
ကြက်ရိုး - ၂၀ဝ ဂရမ်
စပါးလင် - ၃ ချောင်း
ကြက်သွန်နီ - ၁ လုံး
ကြက်သွန်ဖြူ - ၇ မြွှာ
ချင်း - ၃ ပြား
ကြက်သားမှုန့် - စားပွဲဇွန်း ၁ ဇွန်း
ရှောက်သီး - ၂ စိတ်
ငရုတ်သီးစိမ်း - ၁၀ တောင့်
ဆား - အနည်းငယ်

ပြုလုပ်နည်း
၁။ ရေဆေးသန့်စင်ထားသော ကြက်အရိုးများကို စပါးလင်၊ ချင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ဖြင့် အချိုရည်ထွက်သည်အထိ ပြုတ်ပါ။
၂။ သန့်ရှင်းထားပြီး နွှင်ထားသော ငွေနှင်းမှိုများ ထည့်ပါ။
၃။ ကြက်သားနှင့် မှိုများနူးလာပါက ကြက်သားမှုန့်၊ ဆားများထည့်ပါ။
၄။ စိတ်ထားသော ငရုတ်သီးစိမ်းများထည့်ပါ။ ပြီးလျှင် အရည်ညှစ်ထားသော ရှောက်ရည် စတီးဇွန်း
၃ ဇွန်းခန့် ထည့်ပြီးလျှင် အရသာရှိပြီး ခံတွင်းမြိန်စေမယ့် ငွေနှင်းမှို ကြက်ချဉ်စပ်ဟင်းရည်ကို သုံးဆောင်နိုင်ပါပြီ။
#cooking

image