21 w - Translate

နေမှာဖြစ်နေတဲ့ Geomagnetic Storm ကြောင့် အင်တာနက်လိုင်းနှေးကွေးမှုတွေ ရှိနေတဲ့ StarLink

ဒီရက်ပိုင်း အနောက်နိုင်ငံက လူတွေ Aurora လို့ခေါ်တဲ့ Nothern Light တွေကို တော်တော်များများ ဓာတ်ပုံရိုက်ပြီးတင်နေတာကို လူမှုကွန်ရက်တွေမှာ မြင်တွေ့ရမှာပါ။ တစ်ကယ်တော့ အဆိုပါအလင်းတန်းတွေဟာ နေမှာဖြစ်ပေါ်နေတဲ့ ဆိုလာမုန်တိုင်းကထွက်လာတဲ့စွမ်းအင်လှိုင်း တွေဖြစ်ပြီး ကမ္ဘာ့သံလိုက်စက်ကွင်းနဲ့ထိပြီး အလင်းရောင်တွေထွက်လာတာကို မြင်တွေ့နေရတာဖြစ်ပါတယ်။

ဒီအဖြစ်အပျက်ကြောင့် ဂြိုလ်တုဆက်သွယ်ရေးကို အသုံးပြုပြီး အင်တာနက်အသုံးပြုနိုင်တဲ့ Starlink တွေဟာ အင်တာနက်လိုင်း မတည်ငြိမ်မှု၊ ပျက်တောက်မှုတွေ ကြုံတွေနေရပါတယ်။ ဒါကိုလည်း Elon Musk ကိုယ်တိုင် Twitter မှာရေးသားထားပြီး ဂြိုလ်တုတွေအနေနဲ့ အတတ်နိုင်ဆုံး ကြံ့ကြံ့ခံနေတယ်လို့ ဆိုပါတယ်။ လောလောဆယ် ကမ္ဘာ့ပတ်လမ်းထဲမှာ Elon Musk ရဲ့ ဂြိုလ်တု အလုံးပေါင်း ၅၀၀၀ ခန့်ရှိပါတယ်။

အမေရိကန် အာကာသစောင့်ကြည့်လေ့လာရေး အဖွဲ့ကထုတ်ပြန်ချက်အရ ဒီ ဆိုလာမုန်တိုင်းဟာ ၂၀၀၃ တုန်းက ဖြစ်ရပ်ပြီးရင် အကြီးဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ ဒီ ဆိုလာမုန်တိုင်းဟာ လာမယ့် အပတ်ထဲထိရှိနေနိုင်ပြီး GPS စနစ်တွေ၊ ဓာတ်အားပေးစနစ်တွေ၊ ဂြိုလ်တုလမ်းညွန်စနစ်တွေကို သက်ရောက်မှုတွေ ရှိနေနိုင်ပါတယ်။

image