21 w - Translate

🍨ရေခဲမုန့်လုပ်နည်း✍️

၁။ရေ ၃ လီတာ

၂။နို့စိမ္း ၂ ဗူး

၃။နို့ဆီ ၂ ဗူး

၄။ကော်မုန့် ၁၂၀ ဂရမ်

၅။နို့မုန့် ၃၅၀ ဂရမ်

၆။ဆား ၄ ဂရမျ

၇။သကြား ၃၀၀ ဂရမ်

၈။ကပ်စဒပ်ပေါင်ဒါ ၃၀ ဂရမ်

၉။ကွကျဥ ၆ လုံး

၁၀။ အရောင် အနည်းငယ်ချင်း မိမိလိုသလောက်

၁၁။အနံ အနည်ငယ်ချင်း မိမိလိုသလောက်

၁၂။Topping Cream ၂၅ ဂရမ်

ပြုလုပ်ပုံ📌

ရေ၃လီတာကိုမီးဖိုပေါ်တင်ပြီး ကြက်သီးနွေးလေးထအောင် ကျိုထားပါ။ နို့ဆီ၊ နို့စိမ်းဗူးများကိုခွက်တစ်ခုထဲတွင်ဖောက်ထည့်ပါ။

အမှတ်စဉ်(၂)မှ(၈)အထိ ပါဝင်ပစ္စည်းများအားလုံးကို နို့ဆီ၊နို့စိမ်းထည့်ထားသောခွက်ထဲသို့ တစ်မျိုးပြီးတစ်မျိုး ထည့်ပါ။

တစ်မျိုးထည်ပြီးတိုင်းနို့ဆီ၊ နို့စိမ်းရည်ဖြင်သမအောင် မွှေမွှေပေးပါ။ သမမှနောက်တစ်မျိုးထည့်ပါ။

အသီးဖြုတ်မကျန်အောင်မွှေမွှေပေးပါ။ ကြက်ဥခြောက်လုံးကို အခြားခွက်တစ်ခုတည်းဖောက်ထည့်ပြီး အကာအနှစ်သမအောင်မွှေပါ။

ရောသွားလျှင်နို့ဆီ၊နို့စိမ်းဖြင်ပါဝင်ပစ္စည်းများ ခွက်ထဲသို့ထည့်ပြီးမွှေပါ။ ပြီးလျှင်ရေ(၃)လီတာကျိုထားသောအိုးထဲသို့ထည့်ပြီး မီးအပူပေးပြီကျိုပါ။ မတူးမကပ်အောင်မွှေမွှေပေးပါ။

ပွတ်ပျစ်လာလျှင်မီးဖိုပေါ်မှချ၍ အအေးခံပါ။ လုံးဝအေးသွားမှ အရောင်၊ အနံနှင့် Topping cream ထည့်ပြီးသမအောင်မွှေပါ။

ပြီးလျှင်ရေခဲမုန့်စက်ထဲသို့ထည့်ပြီး မိနစ်၂၀ခန့်လှည့်ပါ။

ပြီးလျှင် စက်ရပ်ပြီး ရေခဲမုန့်သားများကို ရေခဲမုန့်လှောင်စည်ထဲသို့ထည့်ပြီး ရေခဲသေတ္တာ freezer (အခဲခန်း) ထဲသို့ထည့်ထားပါ။ မာလျှင်ရေခဲမုန့်ရပါပြီ။

ယခုအခြေခံလုပ်နည်းလေး လုပ်တက်လျှင် အရောင်၊အနံ အမျိုးစားပေါ်လိုက်၍ အောက်ပါရေခဲမုန့် အမျိုးစားအားလုံးပြုလုပ်နိုင်ပါသည်။

နို့၊ စတောဘယ်ရီ၊ ချောကလပ်၊ ပိန်းဥ၊ ဒူးရင်း၊ ဗနီလာ စသည့် အချိုဘက်မှရှိသော အမျိုးစားများပြုလုပ်နိုင်ပါသည်။

အသီးစစ်ရေခဲမုန့်လုပ်လိုလျှင်လည်း အခုအခြေခံကျိုနည်းသိလျှင်အလွယ်တကူပြုလုပ်နိုင်ပါသည်။

image