21 w - Translate

Netflix ကထုတ်တဲ့"Baby reindeer" ဆိုတဲ့စီးရီးကလေ
လက်တလော အတော်လေးကို ရေးပန်းစားပြီး
လူပြောများနေပါတယ် ဘာကြောင့်လဲဆိုရင် သူ့ရဲ့ဇာတ်လမ်းက ဖြစ်ရပ်မှန်ကိုပြန်ပြီး ရိုက်ကူးထားတာပါ။ အဲ့ထက်ထူးခြားတာက အဓိက ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ထားတဲ့ မင်းသားဟာ အပြင်မှာ
ဒီဇာတ်လမ်းထဲက စိ/တ်ထိခိုက်စရာ စိ/တ်ဒ/ဏ်ရာ
ရစရာ အဖြစ်အပျက်တွေကို တကယ် ကြုံတွေ့ခဲ့ရတဲ့ နစ်နာသူတစ်‌ယောက် ဖြစ်နေတာပါပဲ။

***
"Donny Dunn" ဆိုတဲ့ အမျိုးသားဟာ ဘား‌တွေမှာ
လူတွေကို ဟာသတွေအရွှန်းဖောက်ပြီးဖျော်ဖြေပေးတဲ့
Comedian တစ်‌ယောက်ပါ။ တစ်နေ့တော့
သူအလုပ်လုပ်နေတဲ့ ဘားကို "Martha" ဆိုတဲ့
အမျိုးသမီးဦး ရောက်ရှိလာခဲ့ပြီး သူမက
အရက်သောက်ဖို့ မတတ်နိုင်တာကြောင့်
"Donny" က ဖော်ရွေတဲ့ အနေနဲ့ အရက်တစ်ခွက်
တကာခံလိုက်ပါတယ်။

အဲ့အချိန်ကစပြီး Martha ဟာ Donny အပေါ်ကို
ကြောက်စရာကောင်းလောက်အောင်
စွဲလန်းသွားပါတော့တယ်။

သူမဟာ နေ့တိုင်း Donny ဖျော်ဖြေတဲ့ ဘားတွေကို
မိတ်ကပ်တွေ လိမ်းခြယ် အ၀တ်အစားအသစ်တွေ
၀တ်ဆင်ပြီး ရောက်လာတတ်ပါတယ်။

အလုပ်က ပြန်တိုင်းလည်း နောက်ကနေ လိုက်‌ချောင်း
သလို Donny ရဲ့အိမ်ရှေ့မှာလည်း နာရီပေါင်းများစွာ
မတ်တပ်ရပ်ပြီး နေ့တိုင်း စောင့်ကြည့်နေခဲ့ပါတယ်။

အဆိုးဆုံးကတော့ အပြင်မှာတင် မဟုတ်ပဲ
အင်တာနက် ပေါ်မှာပါ Donnyကိုနောက်ယောင်ခံ
လိုက်ပြီး စာတွေ အသံဖိုင်တွေ ပို့နေခဲ့တာပါ။

သူမက Donny ကို Email ကနေတစ်ဆင့်
စာအဆောင်ရေ ၄သောင်းကျော်၊ အသံမေးလ်က
၃၅၀ နာရီစာ ၊ တွစ်တာကနေ စာအဆောင်ရေ
၇၄၄ ခုနဲ့ Facebook ကနေ A4 စာမျက်နှာအရွယ်
စာအစောင်ရေ ၄၆စောင် အထိ ပေးပို့ခဲ့ပါတယ်။

Donny ဟာ Marthaရဲ့ ဒီလို ရူးသွပ်တဲ့လုပ်ရပ်တွေကို
ရဲကိုအကြောင်းကြားဖို့ တွန့်ဆုတ်နေခဲ့ပြီး
ထိထိရောက်ရောက် တိုင်ကြားဖို့ သတ္တိမရှိခဲ့
တာကြောင့် "Martha" ဟာ ပိုဆိုးရွားတဲ့ အရာတွေ
လုပ်ဖို့ ထပ်မံကြိုးစားလာခဲ့ပြီး Donny နဲ့ Donny
ချစ်ရတဲ့သူတွေအပေါ် ဘယ်လို အကျိုးဆက်တွေ
သက်ရောက်လာမလဲဆိုတာ ကြည့်ကြရမှာပါ။

***
ဒီစီးရီးမှာ သရုပ်ဆောင် Richard Gadd ( Donny Dunn)က သူကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အဖြစ်
အပျက်တွေ ရင်တွင်းခံစားချက်တွေ စိတ်ဒဏ်
ရာတွေကို ကြည့်ရှုသူတွေ မြင်လာအောင်
ချပြထားနိုင်ပြီး

သရုပ်ဆောင် Jessica Gunning ကလည်း
နောက်‌ယောင်ခံ အမျိုးသမီး "Martha" အဖြစ်
ကြောက်စရာကောင်းလောက်အောင်
ပုံဖော်ထားနိုင်ခဲ့ပါတယ်။

အပြင်လက်တွေ့ဘ၀က "Martha" ကလည်း
Donny Dunn နဲ့ သူမရဲ့ ဇာတ်ကြောင်းကို
ရိုက်ကူးထားတဲ့ Baby Reindeer စီးရီးကို
စောင့်ကြည့်နေမယ်ဆိုတာ အသေအချာပါ။

Series Name : Baby reindeer 2024
IMDB 7.9/10 Rotten tomatoes 98%

#h4 #thrillerdramaseries #babyreindeer
#truestory

image