21 w - Translate

တနင်္သာရီတိုင်း ကျွန်းစုမြို့နယ်တွင် လှေပိုင်ရှင်အား ကျောက်ခဲဖြင့် ထုသတ်ပြီး လှေမောင်းယူပြေးသူနှစ်ဦးကို ၂၄ နာရီအတွင်း ဖမ်းဆီးရမိခဲ့ကြောင် းသိရသည်။

ဖြစ်စဉ်မှာ လှေပိုင်ရှင် ကိုသောင်းမြတ်စိုး (၃၃ နှစ်)သည် မေ ၁၀ ရက်က တောပြားကျေးရွာအုပ်စု၊ ပလုတ်ကျွန်းအနီးရေပြင်တွင် အလုပ်သမား လေးဦးနှင့်အတူ ကျောက်ပုစွန်ဖမ်းဆီးခြင်း လုပ်ကိုင်နေကြောင်း၊ လှေပေါ်တွင် အလုပ်သမားများဖြစ်သည့် မြတ်ငယ်၊ ခင်ဇော်လင်း၊ ရဲနိုင်ဦး(ခ)နေနေ၊ ထွေးကို(ခ)နေကျော်အေးတို့မှ ကျောက်ပုစွန်ပိုက်ဆွဲနေစဉ် ကိုသောင်းမြတ်စိုးမှ ရဲနိုင်ဦးနှင့် ထွေးကိုတို့အား အလုပ်ကို သေချာလုပ်ဟု ပြောကာ ဇတ်ပိုးအား တစ်ချက်ပုတ်လိုက်ကြောင်း သိရသည်။

ထိုသို့ပြုလုပ်သည်ကို ရဲနိုင်ဦးဆိုသူက မကြိုက်ကြောင်း ပြန်လည်ပြောဆိုခဲ့ကြောင်း၊ ကိုသောင်းမြတ်စိုးက ကျောက်ပုစွန်ပိုက်အား ဆက်လက်ကြည့်ရှူ့နေစဉ် ရဲနိုင်ဦးက လှေပေါ်တွင် ပါလာသည့် ကျောက်ခဲဖြင့် လှေရှင်အား ပစ်လိုက်ရာ ဦးခေါင်းထိမှန်ကာ ရေထဲပြုတ်ကျသွားကြောင်း၊ လှေပိုင်ရှင်ကိုးသောင်းမြတ်စိုးသည် ရေထဲပြုတ်ကျပြီး လှေပဲ့ပိုင်းတွင် ပြန်ပေါ်လာရာ ထွေးကိုမှ ကျောက်ခဲဖြင့် ဆက်လက်ပစ်ခတ်သည့်အတွက် ရေထဲနစ်မြုပ်သွားကြောင်း၊ ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ရဲနိုင်ဦးနှင့် ထွေးကိုက ကျန်လှေသား နှစ်ဦးအား ဓားဖြင့်ထောက်ကာ လှေကို မြိတ်မြို့သို့ မောင်းနှင်ခိုင်းခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်အား လှေသားများဖြစ်သည့် မြတ်ငယ်နှင့် ခင်ဇော်လင်းက လှေပိုင်ရှင်ဇနီးအား ပြောပြခဲ့ပြီး တာဝန်ရှိသူများက ချက်ချင်းလိုက်လံစုံစမ်းခဲ့ရာ ပြစ်မှုကျူးလွန်သူ ရဲနိုင်ဦးနှင့် ထွေးကိုတို့အား မြိတ်မြို့တွင် မေ ၁၁ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ယင်းနောက် အခင်းဖြစ်သည့်ရေပြင်တွင် လှေပိုင်ရှင်ကိုသောင်းမြတ်စိုး ရုပ်အလောင်းအား ဆယ်ယူရရှိခဲ့ပြီး ကျွန်းစုမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ ပြစ်မှုကျူးလွန်သူများအား ကျွန်းစုမြို့မရဲစခန်းမှ (ပ) ၁၉/၂၀၂၄၊ ရာဇသတ်ကြီးပုဒ်မ ၃၀/၁၁၄၊ အမှုကြီးအမှတ်စဉ် ၃/၂၀၂၄ ဖြင့် အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။