3 w - Translate

ရုံတင် ရှယ်ကြမ်း သရဲကား အသစ် ရပြီ

"Until Dawn" (2025)

ကလိုဗာဟာ သူမရဲ့ သူငယ်ချင်းလေးယောက်ဖြစ်တဲ့ မက်စ်၊ မီဂန်၊ အေ့ဘ်၊ နီနာတိုနဲ့အတူ ခရီးထွက်လာခဲ့ပါတယ်။ အကြောင်းအရင်းကတော့ ကလိုဗာ့အမေ ဆုံးသွားတာ မကြာသေးတဲ့အပြင် ကလိုဗာ့အစ်မ မယ်လနီကလည်း နယူးရော့ခ်ကို ကျောင်းတက်ဖိုဆိုပြီး သွားလိုက်တာ ပျောက်ချင်းမလှပျောက်သွားခဲ့တဲ့အတွက် စိတ်ပြေလက်ပျောက် ဖြစ်အောင်ရယ်၊ စိတ်ဖြတ်နိုင်အောင်ရယ် ကားတစ်စီးနဲ့ ထွက်လာကြတာပါ။ ဒါပေမဲ့ သူတိုငါးယောက်သား ခရီးထွက်လာတယ်ဆိုတာထက် ကလိုဗာ့စိတ်တိုင်းကျ သူ့အစ်မသွားခဲ့တဲ့လမ်းအတိုင်း ခြေရာကောက်လာတာပါ။ ဒီလိုကနေ ဂလိုရယ်တောင်ကြားဆိုတဲ့ မြိုအဝင်နားလေးက ဓာတ်ဆီဆိုင်ကို ရောက်လာခဲ့ပါတယ်။ ကလိုဗာက ဓာတ်ဆီဆိုင်ပိုင်ရှင်ကို လူပျောက်တွေ့သေးလား မေးရင်းကနေ ဂလိုရယ်တောင်ကြားဆိုတဲ့မြိုမှာ လူတွေခဏခဏပျောက်ကြောင်း၊ လူပျောက်ပြီးရင် ပြန်ပေါ်မလာတော့ကြောင်း ပြောရာကနေ သူ့အစ်မလည်း အဲမှာ ပျောက်သွားတာများလားလို တွေးမိတဲ့အတွက် သူငယ်ချင်းတွေကိုပြောပြပြီး အဲမြိုကို မောင်းလာပါတော့တယ်။ ဒါပေမဲ့ လမ်းမှာ မိုးတွေအသည်းအသန်ရွာလာပြီး ကားမောင်းလာရင်းကနေ အိမ်တစ်အိမ်ကိုရောက်သွားပြီး မိုးချုပ်သွားတဲ့အခါ ဘာတွေဆက်ဖြစ်မလဲဆိုတာ

👇ချန်နယ်လေး အရင် Join ပေးပါ

https://t.me/HaveFunMovies777

{{{{ ကြည့်ရှုရန် နှိပ်ပါ 👇 }}}}

https://t.me/HaveFunMovies777/1127

image