21 w - Translate

ဂုဏ်သိက္ခာအရှိန်အဝါ အင်မတန် ကြီးကျယ်ခမ်းနားမြင့်မြတ်တဲ့ Apple လို မျိူးလိုမျိူး ကုမ္ပဏီကြီးအနေနဲ့ ဒီနှစ်ထဲမှာ ဂုဏ်သိက္ခာပိုင်းဆိုင်ရာ ညှိုးနွမ်းအားငယ်စရာ ဖြစ်ရပ် ၂ခု အတည်အလင်းဖြစ်ပွားခဲ့တယ်။

ပထမ ၁ခုက ၁၀နှစ်ကြာ ရင်းနှီးမြှုပ်နှံခဲ့တဲ့ Apple ကားပရောဂျက်ကြီးကို ဘယ်လိုမှမဖြစ်နိုင်တော့တဲ့အဆုံး လက်မြှောက်အရှုံးပေးပြီး ဖျက်သိမ်းလိုက်ရတာပါ။

ဒုတိယ ၁ခုကတော့ iPhone တွေမှာ Generative AI တွေ ထည့်ပေးဖို့အရေး Google နဲ့ OpenAI တို့လိုမျိူး ပြိုင်ဘက်ကုမ္ပဏီကြီးတွေဆီကနေ အကူအညီရယူဖို့ ညှိနှိုင်းဆွေးနွေးနေရတာပါ။ လောလောဆယ်တော့ Apple က OpenAI နဲ့ ကျီစားနေပြီး နောက်ဆုံးအဆင့် ဆွေးနွေးမှုတွေလုပ်နေပြီလို့ သတင်းထွက်လာတဲ့အတွက် iOS 18 မှာ ChatGPT အခြေပြု Generative AI Features တွေကို တွေ့ရဖို့ အလားအလာများနေပါတယ်။

Apple ရဲ့ အဖြစ်က မနှစ်ကနဲ့ မတူတာတော့ အမှန်ပါပဲ။ “မချစ်သော်လည်း အောင့်ကာနမ်း” ဆိုသလိုပဲ “OpenAI ကို မချစ်သော်လည်း ကြိတ်မှိတ်ပြီး အောင့်ကာနမ်းမယ်ဟေ့” လို့ ဆုံးဖြတ်ထားပုံ ရပါတယ်။

Ref: 9To5Mac

image