21 w - Translate

အာဆင်နယ်ကတော့ အိုးထရက်ဖို့ဒ်မှာ ၁-၀ နဲ့ နိုင်ပွဲရသွားပြီး နောက်ဆုံးအချိန်ထိ မန်စီးတီးကို ဖိအားပေးနိုင်ခဲ့ပါပြီ။ လက်ရှိမှာ အာဆင်နယ်က ၁ပွဲသာကစားဖို့ကျန်ပြီး မန်စီးတီးထက် ၁ ပွဲပိုကစားကာ ၁ မှတ်ဖြတ်ထားပါတယ်။

မန်စီးတီးက ၂ပွဲကစားဖို့ကျန်နေပြီး အဆိုပါနှစ်ပွဲစလုံးကို အနိုင်ရခဲ့မယ်ဆိုရင်တော့ အမှတ်ပေးဖလားက မန်စီးတီးအတွက် ဖြစ်လာမှာပါ။ မန်စီးတီးခြေချော်ခဲ့ရင်တော့ အာဆင်နယ်အတွက် ဖြစ်လာမှာပါ။ နောက်ဆုံးပွဲအထိ စောင့်ကြည့်ရမယ့် အနေအထားပါပဲ။

နောက်ဆုံးပွဲအဖြစ် အာဆင်နယ်က အဲဗာတန်ကို အိမ်ကွင်းမှာ ကစားရမှာပါ။ မန်စီးတီးကတော့ ကြားရက်မှာ ပွဲကျန်အဖြစ် စပါးကွင်းဆီ သွားကစားရမှာဖြစ်ပြီး အဲဒီနောက် ဝက်စ်စဟမ်းကို အိမ်ကွင်းမှာ ကစားရမှာပါ။ စပါး-မန်စီးတီးပွဲက အရေးကြီးပွဲဖြစ်လို့နေပါပြီ။
Credit to Duwun Sports

image