21 w - Translate

" အဖြူရောင် နှလုံးသားလေးရဲ့ အချစ်ဦး မမနီ "

ပန်းလှလှလေးတွေပျိုးထားတယ် မမနီ

အန်တီဆရာမကို ပန်းနေတိုင်းပေးပြီး

မမနီကို ချစ်တယ်လို့ ဖွင့်ပြောမယ်

ပန်းရနံ့က မမနီရဲ့ ကိုယ်သင်းရနံ့လို

မမနီပေါ် လာလာနားယောင်ဆောင်တဲ့

ပျားပိတုန်းလေးက ကျွန်တော်ပါ မမနီ

ချစ်တယ်လို့ ပြောထွက်ဖို့ နှစ်ချီခဲ့တာ

၃နှစ် ၃မိုး နဲ့ ၃ဆောင်း မက ပါ မမနီ

ကျွန်တော့်အသက် ၁၈ နှစ် ၈လ နဲ့ ၅၂၈ ရက်

မမနီ ကျောင်းဆရာမ ဖြစ်ခါစ ၂၀၁၈

တက္ကသိုလ်ရဲ့ qutor ၊ အလှမယ် လည်းဖြစ်

ကျွန်တော်က ဘောလုံးသမား ရောင်ရောင်လေ

မမနီ အားပေးတဲ့ အသင်းက နောက်ခံလူပေါ့

မမနီ ထုတ်တဲ့ စာမေးပွဲမှာ (၁၅၀၀ ) မှတ်မရလို့

ဂုဏ်ထူး မထွက်ခဲ့သူကလည်း ကျွန်တော်ပါ မမနီ

မမနီ ခွင့်ပြုမယ်ဆို စာမလာ သတင်းမပါးပဲ

ကျွန်တော့်ကို ချစ်ခွင့်ပေးစေချင်ပါတယ် မမနီ

မမနီကို ချစ်လို့ ရေးထားတဲ့ ဒီစာလေးကို

မမနီ ကောက်ရမိလို့ဖြစ်စေ ကျပျောက်မိလို့ ဖြစ်စေ

မမနီ ခလုတ်မထိ ဆူးမငြိပဲ ကျွန်တော့်ကို ဝင်တိုက်ပါစေ..။