21 w - Translate

ဘယ်လောက်ပဲစိတ်ဆိုးစိတ်ကောက်တစ်ယောက်နဲ့တစ်ယောက်
မခေါ်မပြောဘဲ မနေနိုင်တာကလဲ
ချစ်ခြင်းမေတ္တာပါပဲ။

ဘယ်သူအရင်စခေါ်မလဲလို့တစ်ခါတလေ မာနတွေပြိုင်နေကြပေမယ့်လဲ
ဘယ်သူကပဲ စခေါ်ခေါ်
ကြာကြာဟန်မဆောင်နိုင်ကြတာလဲ
ချစ်ခြင်းမေတ္တာပါပဲ။

ဘယ်လောက်ပဲ အလုပ်တွေရှုပ်နေနေ
ရတဲ့အချိန်လေးမှာ အပြေးအလွှား
အချိန်လုပြီး ဆက်သွယ်နေကြတာလေးကလဲ ချစ်ခြင်းမေတ္တာပါပဲ။

တကယ်တော့....
ချစ်ခြင်းမေတ္တာဆိုတာ
သာမှ နာမှ မဟုတ်ပါဘူး
သာချင်သာ နာချင်နာ
လျော့ပါးမသွားတဲ့
တန်ဖိုးထားမြတ်နိုးစိတ်ကလေးကသာအဓိကပါ။

သျှင်လွန်း

image