21 w - Translate

ဘုရင့်နောင် ကုန်စည်ဒိုင်နှင့်
ဝါးတန်းကုန်သည်ဒိုင် ရန်ကုန်မြို့
ဆန်စျေးကွက်တော့
အတက်ရပ်သွားပါပြီ။
အဘယ်ကြောင့်ဆိုသော်
1-ဆန်ဝယ်လိုအားနည်းခြင်း
2-ဆန်စျေး မြှင့်နေခြင်း
3-စားသုံးသူများ မှ
စျေးချိုဆန်များသာ
ရွေးချယ်စားသုံးခြင်းတို့ကြောင့်
ဖြစ်ပါသည်။

ဆန်ဝယ်ယူရောင်းချကြသော
ဆန်ပွဲရုံများနှင့် စားသုံးသူများကို
သတိပေးခြင်းတာက ဆန်ကို
တံဆိပ်အစွဲထား၍ ဝယ်ယူစားသုံးခြင်း
ကို ရှောင်ကြဖို့ ဖြစ်ပါသည်။

တံဆိပ်အစွဲထားပါက စျေးကြီးပေး၍
ဝယ်ယူစားသုံးကြရပါမည်။

တံဆိပ်က စားလိုမရပါ။
ဆန်အရည်မသွေးနှင့်ထမင်းသား
မှန်သော ဆန်များကိုသာ ဝယ်ယူ
စားသုံးကြပါရန် သတိပေးချင်ပါသည်။

ကျွန်မတို့ အဝတ်အစားဝယ်သလိုပါဘဲ
နာမည်ကြီးတံဆိပ်က စျေးကြီးပေး
ဝယ်ရသလို တစ်ချို့က ဆန်အတူတူ
ကြော်ငြာကောင်းလို့ နာမည်ရတံဆိပ်
တွေက စျေးကြီးပေးဝယ်ယူရပါသည်။

ဘုရင့်နောင်ကုန်စည်ဒိုင်
ဆန်တစ်အိတ် 108lbs ဆန်စျေးနှုံးများ

ဆန်သား 70%မှ 80%အတွင်း
75000ks မှ 76500ks

ဆန်သား90%-78000ksမှ 79000ks

နွေသီးထပ်-single ပေါ်လစ်
815000ksမှ 82000ks

RC-110.5lbs-85000ksမှ 86000ks
ရန်ကုန် အရောင်းအဝယ်ဖြစ်သော
စျေးများဖြစ်ပါသည်။

နယ်ဆန်စက်တိုက်ရိုက်ဝယ်သူများ
ယခုစျေးထက် ချိုရ ရပါမည်။
အဘယ်ကြောင့်ဆိုသော်
နယ်မှ ရန်ကုန်သို့တင်ပို့ရသော
ကားတန်ဆာခ တစ်အိတ်-1500ks
ကျသင့်သောကြောင့် ဖြစ်ပါသည်။

ဆန်ဝယ်ယူကြသော လူများ
စျေးကွက်သိရှိရန် post တင်ခြင်း
ဖြစ်ပါသည်။

image