21 w - Translate

ကြက်သွန်ချဉ် ♡
❀❀❀❀❀❀
ရှမ်းတရုတ်အစားအစာတမျိုးဖြစ်တဲ့ကြက်သွန်ချဉ်ကိုစားဖူးသူတိုင်းနှစ်သက်ကြမယ်ထင်ပါတယ်။ကြက်သွန်ချဉ်ပြုလုပ်ရန်အတွက်သီးသန့်ကြက်သွန်ဥအမျိုးအစားကိုသုံးရပါတယ်။
ပါဝင်ပစ္စည်း
********
ကြက်သွန် - ဆယ်ပိသာ
ဆား -တစ်ပိသာနှစ်ဆယ်ကျပ်သား
ရှမ်းကြံသကာ - နှစ်ပိသာ
ထုံး - လေးဇွန်း စားပွဲဇွန်း
ငရုပ်ချဉ်- တစ်ပိသာခွဲ
(ငရုပ်သီးအပွတောင့်အရှည်ကိုကြ်ိတ်ပြီးလည်းထည့်နိုင်ပါတယ်)
နံနံစေ့ - ၅ကျပ်သား
စမုံစပါး - ၅ကျပ်သား
ဟွားကျောက် - ၃ဇွန်း
ပြင်ဆင်ပြုလုပ်ပုံ
***********
(၁)ဦးစွာကြက်သွန်ကိုလှီးဖြတ်သန့်စင်ပြီးထုံးရေဖြင့်တစ်ညစိမ်ထားပါ။အထက်အောက်သမအောင်မွေပေးပါ။
(၂)တညစိမ်ပြီးကြက်သွန်ကြွပ်လာပါကရေဆေးရေစစ်ထားပါ။
(၃)ကြံသကာကိုညောင်စေးကျအောင်ကျိုပြီးအအေးခံထားပါ။
(၄)ပါဝင်ပစ္စည်းများအားလုံးကိုသန့်ရှင်းသောဇလုံတခုတွင်ထည့်ပြီးသမအောင်မွေပေးပါ။
(၅)ပြီးလျှင်ရေစစ်ထားသောကြက်သွန်ထည့်မွေပြီးသန့်ရှင်းခြောက်သွေ့သောစဉ့်အိုးတွင်ထည့်ပြီးသေချာစွာဖိထည့်ပေးပါ။
(၆)အိုးပြည့်အောင်မထည့်ဘဲနေရာချန်ပေးကာ(အရည်ထွက်လာမှာမို့)သန့်ရှင်းသောပလပ်စတစ်ဖြင့်အုပ်ပြီးကြိုးအထပ်ထပ်ချည်ကာလေလုံအောင်ပိတ်ပြီးအပေါ်မှအဖုံးအုပ်ထားပါ။
(၇)သုံးပတ်တလခန့်တည်ပြီးလျှင်စတင်သုံးဆောင်နိုင်ပါပြီ။သန့်ရှင်းသောဇွန်းဖြင့့်လိုသလောက်ခပ်ယူပြီးလေလုံအောင်သိမ်းဆည်းပြီးတနှစ်ပတ်လုံးသုံးဆောင်နိုင်ပါပြီ။
***
အရေးကြီးဆုံးအချက်မှာအသုံးပြုသည့့်အိုး ခွက်များအားလုံးဆီကင်းသန့်ရှင်းရပါမယ်။
#cooking

image