21 w - Translate

"ခွင့်လွှတ်ပါ ၊ မမေ့ပါနဲ့"
***********************

တစ်ခါတလေကျ ကျွန်တော်တို့ရဲ့ personal life မှာ လူ တစ်ယောက်ယောက်ရဲ့ လုပ်ရပ်တစ်ခု ၊ စကားတစ်ခွန်းက ကျွန်တော်တို့ကို အခက်အခဲ ဖြစ်သွားစေတာမျိုး ၊ အရှက်ရသွားစေတာမျိုး ၊ ဒုက္ခတွေ့သွားစေတာမျိုးတွေ ရှိတတ်တယ် ။

အဲ့အချိန်ကျ ကျွန်တော်တို့အနေနဲ့ သူ့ကို ဒိုင်းခနဲ upset ဖြစ်သွားတတ်တယ် ။ သူ ဘာလို့ ဒီလိုလုပ်ရတာလဲ ၊ ဒီလိုပြောလိုက်ရတာလဲ ၊ ဒီလို behave ရတာလဲပေါ့လေ ။ သူ လုပ်ခဲ့သလို ပြန်လုပ်လိုက်ချင်ပေမယ့် မလုပ်ရက်ဘူး ၊ သူပြောခဲ့သလို ပြန်ပြောချင်ပေမယ့် စကားက ထွက်မလာဘူး ။ ဒါကလည်း ကိုယ့် attitude နဲ့ သူ့ attitude ကွာချင်ကွာနေမှာကိုး ။ အဲ့လိုအခြေအနေကျရင် “Forgive but never Forgetပဲ ။ ခွင့်လွှတ်ပေးလိုက်ပါ ။ ဘယ်တော့မှ မမေ့လိုက်ပါနဲ့ ။

ခွင့်လွှတ်တယ်ဆိုတာကလည်း တောင်းပန်မှရယ် မဟုတ်ပါဘူး ။ တစ်ဖက်က တောင်းပန်သည်ဖြစ်စေ၊ မတောင်းပန်သည်ဖြစ်စေ ကျွန်တော်တို့အနေနဲ့ နားလည်မှုရှိရှိ ခွင့်လွှတ်ပေးရတာမျိုး ၊ လျှော်လိုက်ရတာမျိုး ရှိတတ်တယ် ။ ဘာလို့ဆို ခွင့်မလွှတ်ဘူးဆိုတာနဲ့ ကျွန်တော်တို့ရဲ့ စိတ်ထဲမှာ အချိန်ပြည့် ဒါကို စိတ်စွဲပြီး anxiety ဖြစ်နေမယ် ။ overthinking ဖြစ်နေမယ် ။ ဒေါသတွေထွက်နေမယ်ဆိုရင် energy drain ဖြစ်တယ် ။ အားအင်တွေကုန်လို့ ။ ကိုယ်ကလည်း ခံရသေးတယ် ။ ပြီးတော့ ကိုယ်ကလည်း ခံစားရသေးတယ် ဆိုတာမျိုး နှစ်ခါ နာတာပေါ့ ။

ဒီတော့ ခွင့်လွှတ်ပေးတတ်ခြင်းက ကျွန်တော်တို့ရဲ့ maturity levelကို ပြပါတယ် ။ ကိုယ့်အတွက်ကြောင့် သူ့ကို ခွင့်လွှတ်ပေးတာ ။ ကိုယ် စိတ်ချမ်းသာဖို့ လျော်ပေးတာ ။ ဒါပေမယ့် ခွင့်လွှတ်ပေးပြီး ဖြစ်ခဲ့တာတွေကို မဖြစ်ခဲ့သလို သဘောထားပြီး မေ့လိုက်လို့ ၊ စိတ်ထဲက ဖျောက်ပစ်လိုက်လို့တော့ မရပါဘူး ။

Forgive ဆိုတဲ့နောက်တော့ ကျွန်တော်တို့အနေနဲ့ တစ်ဖက်လူကို (သူလုပ်ခဲ့သလို) ဒုက္ခပြန်ပေးဖို့ ၊ revenge လုပ်ဖို့ ၊ လက်စားချေဖို့ရယ်လို့ မရှိရတော့ဘူး ။ စိတ်ထဲမှာ တနုံ့နုံ့လည်း ဖြစ်နေစရာ မလိုတော့ဘူး ။ ဇာတ်လမ်းက ပြီးသွားပြီ ။

ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ် safeside ယူတဲ့အနေနဲ့တော့ အဲ့လူကိုရော ၊ ဖြစ်ရပ်ကိုရော မမေ့လိုက်ဖို့လိုတယ် ။ နောက်တစ်ခါ အလားတူ အခြေအနေမျိုး ၊ ဖြစ်ရပ်မျိုးကို ကိုယ့်ဘက်က ထပ်ပြီး မခံစားရအောင် ၊ ထပ်ပြီးမကြုံအောင် ၊ တတ်နိုင်သမျှ သူနဲ့ကင်းအောင်ရှောင်နိုင်ဖို့ “သူ့မှာ ဒီလို စရိုက်မျိုး ၊ စိတ်ထားမျိုး ၊ ကိုယ့်ကို ဒုက္ခပေးလာနိုင်တဲ့ character မျိုး ရှိပါလား” ဆိုတာကိုတော့ အမြဲတမ်း မှတ်ထားဖို့ လိုပါတယ် ။ ဒီလို မှတ်ထားတော့မှလည်း ကိုယ့်ဘက်ကလည်း တတ်နိုင်သမျှ ရှောင်နိုင်မှာ

“ ဖြစ်ပြီးသားတွေ မေ့လိုက်ပါကွာ ၊ စိတ်တိုတုန်းသာ ပြောလိုက်တာ တကယ်တမ်းက ဘာမှမဟုတ်ဘူး ” ဆိုတာက အလွယ်လေးပြောတာ ။ လုပ်တဲ့သူ ၊ ပြောတဲ့သူကသာ မေ့ရင် မေ့ပစ်လိုက်နိုင်မယ် ။ ခံရတဲ့သူ ဘက်က မေ့ဖို့လွယ်မနေဘူး ။

စကားလုံးတွေဆိုတာ ဦးနှောက်က စီစဉ်ပေးတဲ့ logical series တွေ ဖြစ်တာကြောင့် စိတ်ထဲမှမရှိတဲ့ စကားလုံးဆိုတာ ပါးစပ်က ဘယ်တော့မှ ထွက်မလာပါဘူး ။ အစတည်းက ဒါမျိုးပြောဖို့ တွေးထားလို့ ဒီလို စကားလုံးမျိုး ထွက်လာတာပါပဲ ။

ဒီတော့ ကျွန်တော်တို့ ခံလိုက်ရတဲ့ ကိစ္စတိုင်းမှာ ခံစားချက် ဆိုတဲ့ Emotionတွေကို ဖျက်ပစ်ပြီး ဖြစ်စဉ်ဆိုတဲ့ ‘Event’ကိုတော့ မှတ်ထားဖို့လိုတယ် ။ အတိတ်ကို ပြန်တွေးမိလိုက်ရင် သူ့ကို ဒေါသဖြစ်တာ ၊ သူ့ကြောင့် ဝမ်းနည်းလာတာမျိုး ၊ အဟောင်းက အသစ်လို ပြန်ဖြစ်တာမျိုးတော့ ဖြစ်မနေရဘူး ။ ပြုံးပြုံးလေးနဲ့ နေနိုင်ရမယ် ။ ဒါပေမယ့် ဖြစ်ရပ်ကို အစအဆုံးတော့ မှတ်မိနေရမယ် ။ အငြိုးထားဖို့ မဟုတ်ဘူး ၊ ရန်လိုဖို့ မဟုတ်ဘူး ၊ မုန်းဖို့ မဟုတ်ဘူး ။ ကိုယ် နောက်တစ်ခါ ထပ်ပြီး မခံရဖို့ပဲ ။

ကျွန်တော်တို့ရဲ့ Life Experience တွေဆိုတာ ကျောင်းမှာ ကျက်ခဲ့တဲ့ စာတွေကနေတစ်ဆင့် ရရှိလာတာ မဟုတ်သလို အောင်ခဲ့တဲ့ စာမေးပွဲတွေကနေ ရလာတာလည်း မဟုတ်ပါဘူး ။ လူတွေပေးတဲ့ သင်ခန်းစာတွေ ၊ ဖြစ်ရပ်တွေကတစ်ဆင့် ရရှိလာတာတွေချည်းပါပဲ ။ ဒီတော့ ဘဝမှာ ကိုယ့်ကို ခံစားသွားရအောင် ၊ အခက်အခဲ ဖြစ်သွားအောင် လုပ်ခဲ့ဖူးတဲ့ သူတိုင်းကို ကြည်ကြည်ဖြူဖြူ Forgive လုပ်ပေးပြီး ဖြစ်စဉ်ကိုတော့ always remember ဖို့ လိုပါတယ် ။ အဲ့ဒါက Life Experience တွေပါပဲ ။

image