21 w - Translate

Transit flight တွေကို ဆရာကျကျ စီးတတ်ပြီလား 🤔
မစီးတတ်သေးရင်တော့ ဒီ ၄ချက်က ကူညီပေးနိုင်ပါတယ်လို့ 💁‍♀️

✈ Transit စီးတဲ့အခါ အရေးကြီးဆုံးက ကိုယ်သွားမယ့်နိုင်ငံကို တိုက်ရိုက်လေယာဉ်ရောက်၊ မရောက် သိထားဖို့လိုပါတယ်။ တိုက်ရိုက်လေယာဉ်မရောက်တဲ့အခါ ကြားထဲမှာ Transit flight တစ်ဆင့်ပြန်စီးပေးရပါတယ်။

✈ Transit flight တွေ စီးတော့မယ်ဆိုရင် ကိုယ်စီးမယ့်လေယာဉ်က ကြားလေဆိပ်မှာ Baggage ပြန်ရွေးစရာမလို၊ immigration ဖြတ်စရာမလိုတဲ့ လေယာဉ်ကို အဓိကရှာဝယ်ပါ။ လေကြောင်းလိုင်းတူရင်တော့ အဆင့်ဆင့်ကိုအလွယ်တကူစီးနိုင်ပြီး လေကြောင်းလိုင်းမတူတဲ့အခါ Code Share ထားတဲ့ လေကြောင်းဟုတ် မဟုတ်သေချာစစ်ဆေးပေးဖို့ လိုအပ်ပါတယ်။

✈ Transit flight တွေ အဆင့်ဆင့်စီးတဲ့အခါ ကြားထဲမှာ ရပ်နားမယ့်နိုင်ငံရဲ့ visa လို၊ မလိုကို သေချာစုံစမ်းပါ။ဒါမှ visa လိုအပ်တဲ့ နိုင်ငံတွေမှာ Transit flight စီးရတဲ့အခါ visa တစ်ခါတည်းပြင်ဆင်သွားနိုင်မှာဖြစ်ပါတယ်။

✈ အခုမှ ခရီးစသွားပြီး လေယာဉ်အဆင့်ဆင့်စီးဖို့လိုတဲ့အခါ ကြားလေဆိပ်မှာ Layover ကြာချိန်ကို အနည်းဆုံး ၂နာရီ ၃နာရီလောက်ခွာထားတာက အကောင်းဆုံးပါပဲ

image