21 w - Translate

ပြည်တွင်း semiconductor ထုတ်လုပ်မှုမှာ တရုတ်ကို ကျော်တက်ဖို့ကြိုးစားမယ့် US

US ရဲ့ Semiconductor ထုတ်လုပ်ရေး ကုမ္ပဏီကြီးတွေဖြစ်တဲ့ Semiconductor Industry Association (SIA) နဲ့ Boston Consulting Group (BCG) တို့က 2032 မတိုင်ခင် ကုန်ထုတ်လုပ်ရေးတွေကို ၃ ဆ မြှင့်ပြီး တရုတ်ကို ကျော်တက်ဖို့ကြိုးစားမယ်လို့ ခန့်မှန်ထားပါတယ်။

ခုနောက်ပိုင်းဖုန်းတွေမှာ အသုံးများလာတဲ့ below 10nm အောက် Chips တွေကို ထိုင်ဝမ်၊ တောင်ကိုရီးယားတို့က ဈေးကွက်မှာ အများဆုံးနေရာယူပြီး ထုတ်လုပ်နေဆဲဖြစ်ပါတယ်။ ကမ္ဘာ့အကြီးဆုံး Semiconductor ထုတ်လုပ်သူ Taiwan Semiconductor Manufacturing Co (TSMC) အနေနဲ့ အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ်မှာ ဒေါ်လာ 65 Billion ထိရင်းနှီးမြှပ်နှံပြီး စက်ရုံတွေ တည်ဆောက်ဖို့လည်း သဘောတူထားပြီးဖြစ်ပါတယ်။

တရုတ်ပြည်မကြီးမှာရှိတဲ့ စက်ရုံတွေကထုတ်လုပ်တဲ့ Chips တွေဟာ နေ့စဥ်သုံး စက်တွေနဲ့ စက်ရုံတွေအတွက် အသုံးပြုတဲ့စက်ရုပ်စနစ်တွေမှာ သုံးစွဲရတာ အဆင်ပြေတယ်ဆိုပေမယ့် AI ခေတ်အတွက်လိုအပ်လာတဲ့ CPUs, GPUs တွေကိုတော့ ထုတ်လုပ်ရာမှာ အားနည်းနေသေးတာကြောင့် ပြည်တွင်းထုတ်လုပ်မှုကို US အနေနဲ့ အားထားတော့မှာဖြစ်ပါတယ်။

ဒါပေမယ့် ပစ္စည်းတွေ တပ်ဆင်၊ စမ်းသပ်၊ ထုတ်ပိုးတာကိုတော့ ဈေးသက်သာတဲ့ တရုတ်ပြည်မကြီးမှာပဲ ဆက်လက်လုပ်ဆောင်သွားဖို့ရှိနေပါတယ်။

image