21 w - Translate

ခေတ်အလိုက် အနုပညာ ၊ ဂီတ စတဲ့ ပစ္စည်းအစုံကို Hydraulic Press ဖိလိုက်တယ် > iPad Pro တစ်ခုထွက်လာမယ်
သဘောက ဒီပစ္စည်းတွေကိုတစ်နေရာတည်းကနေစုသုံးလို့ရတဲ့ အပါးလွှာဆုံး Tech Product တစ်ခု…

ကြော်ငြာကို ကြော်ငြာလိုပဲကြည့် ရင်တော့ ဘာမှ မထူးဘူး ကိုယ်တိုင်လဲ ကြော်ငြာလိုပဲကြည့်ခဲ့တာကိုး

ဒါပေမဲ့ Art တစ်ခုရဲ့ Value တန်ဖိုးကို အနှစ်ကျကျ ခံစားနားလည် တတ်တဲ့ သူတွေကတော့ ဝေဖန်နေကြလေရဲ့ ကိုယ်တိုင်တောင် ပြန်စဉ်းစားသုံးသပ် ရတဲ့အခြေအနေရောက်သွားပြီ

ဖြစ်ကြပုံက
ပါသွားတဲ့ပစ္စည်းတွေထဲမှာ ကင်မရာ ၊ ဂီတ တူရီယာတွေ ၊ ဂိမ်းစက်တွေ ၊ ကွန်ပျူတာ ၊ ပန်းချီ ပစ္စည်းတွေ အစုံပဲ 3D Modelling ပိုင်းပြချင်လို့လားမသိ Sculpture တောင်ထည့်ပြထားသေးတယ်

ဆိုတော့ဗျာ သက်ဆိုင်ရာ အပိုင်းအလိုက် Professional တွေက သူတို့တန်ဖိုးထားရတဲ့ပစ္စည်းတွေကို Hydraulic Press နဲ့ဖိပြတာကို မကြိုက်တာကြတာပေါ့
သူတို့ရဲ့ Tools တွေကို iPad Pro က အစားထိုးနိုင်တဲ့ သဘောမျိုး မြင်သွားကြသလို လေးစားမှုမရှိဘူးပါ မြင်ကြလေတော့ Apple ကတော့ ရှယ်ပလန် နဲ့ ဝေဖန် ခံနေရတာပေါ့ဗျာ

ဘယ်လောက်ထိ ဆိုးလဲဆိုရင် Tim Cook ရဲ့ iPad Pro Post အောက်မှာပါ ဝေဖန်ခံနေရတဲ့အထိပါပဲ

စာဖတ်သူတိုရဲ့Crush! iPad Pro ကြော်ငြာကို အမြင်ကရော…

Credit to Tech World

image