21 w - Translate

နာမည်ကြီးနေတဲ့ Humane AI Pin နဲ့ Rabbit R1 အကြောင်းတွေကိုတစ်ခါမှမတင်ဖူးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ထူးခြားတယ်လို့ မထင်မိလို့ပဲ။ ခင်ဗျားတို့ပဲ စဥ်းစားကြည့်...ဒီ AI Gadget တွေ လုပ်နိုင်တဲ့အရာတော်တော်များများက ကျွန်တော်တို့ လက်ရှိသုံးနေတဲ့ ဖုန်းတွေနဲ့လည်း လုပ်လို့ရတာပဲ မဟုတ်ဘူးလား။ ဒါကို သီးသန့် Device အသစ်ဝယ်၊ Subscription ကြေးတွေပေးပြီး ဘာလို့ ပိုက်ဆံအကုန်ခံနေဦးမှာလဲ…

Humane AI Pin ဆိုရင် Projector ပါတာ၊ Hand Gestures တွေနဲ့ ထိန်းချူပ်လို့ရတာတွေက မိုက်ပေမဲ့ တကယ်တမ်းကျ သိပ်အလုပ်မဖြစ်သေးဘူး။ Review တွေကို လိုက်ကြည့်ရသလောက် AI က မေးတိုင်း မဖြေနိုင်တာတွေ၊ Response ကြာတွေလည်း တွေ့ရတယ်။ Rabbit R1 ဆိုရင် အမှားတွေဖြေပေးတာလည်း ရှိတယ်။ ဒီနေရာတွေမှာ အခုကျွန်တော်တို့ လက်ထဲမှာရှိနေတဲ့ ဖုန်းတွေကတောင် သာသေးတယ်။

လူတွေကသာ စမတ်ဖုန်းတွေကို အစားထိုးမဲ့ AI Gadget တွေဆိုပြီး Hype နေကြတာ။ တကယ်တော့ ဒီလိုမျိူး Device တွေက လူတိုင်းအဆင်ပြေပြေသုံးနိုင်ဖို့ ဝေးပါသေးတယ်။ စမတ်ဖုန်းတွေကို အစားထိုးဖို့ဆိုတာလည်း မဖြစ်နိုင်သေးဘူး။ နောက်ပြီး Humane AI Pin နဲ့ Rabbit R1 က Android OS (Android Open Source Project – AOSP) ပေါ်မှာ Run ထားတဲ့ Device တွေပါတဲ့....

image