21 w - Translate

Rs တစ်ခုမှာ Respect မရှိရင် အလကားပဲ
ပို့သမျှစာတွေကို အလေးအနက်ထားပြီးမပြန်တာ
အလုပ်ရှုပ်နေရင်လည်းရှုပ်တယ်မပြောပဲ ပစ်ထားတာ
ကိုယ်ကစာတွေပို့နေရင်လည်း
အလေးအနက်ထားပြီး မဖတ်တာ
ပြောနေတဲ့စကားတွေကို ဖြတ်ပြောတာ
သူလည်း သူအဆင်ပြေသလိုနေ ငါလည်း
ငါအဆင်ပြေသလိုနေမယ်ဆိုပြီး နေချင်သလိုနေတာ
ချစ်နေရုံလေးနဲ့တင်ရပြီလေ ဘာလိုသေးလို့လဲဆိုပြီး ပေါ့ပျက်ပျက်နေတာ
ချစ်သူမကြိုက်တာတွေ စိတ်မကောင်းဖြစ်စေရမှာတွေလုပ်တာ
ဒါတွေအားလုံးဟာ respect မရှိတာပဲ

Rs တစ်ခုမှာ Communication ကလည်း အရေးကြီးသေးတယ်
ဆိုပါစို့
မကြိုက်တာလုပ်ထားမိရင် ပြောပြတောင်းပန်ရမယ်
အသေးအဖွဲ့လေးကအစ ခံစားချက်တွေကို အကုန်ဒဲ့ပြောတာတို့
ပြောပြီးရင်လည်း တစ်ဖက်သူကဘယ်လိုမြင်တယ် ဘယ်လိုနားလည်တယ်ဆိုတာ သိအောင်ကြိုးစားရမယ်
ကိုယ့်ဘက်က လိုနေတာ မှားနေတာတွေကို သူ့ဘက်ကမြင်ရင် ထောက်ပြဖို့ပြောပြရမယ်
နှစ်ယောက်အမြင်တူအောင် ညှိကြမယ်
ညှိမရရင်တော့လည်း partner ကို လမ်းခွဲလိုက်ပေါ့
ဒါမှမဟုတ် as u like ပေါ့

ချစ်ပါတယ်ဆိုပြီး လုပ်ချင်တာလုပ်နေတာကတော့ ကိုယ့်အပေါ် respect မရှိတာပဲ
တကယ် respect ရှိတာ မရှိတာက အသိသာကြီးပါ
Detail လေးတွေကအစ သိသာပါတယ်
ငါလုပ်ချင်တာလုပ်မယ် သူသာငါ့ကိုတကယ်ချစ်ရင် နားလည်ပေးနိုင်ရမယ် ဆိုတာမျိုးကတော့ respect မရှိတာပဲ
ကြာရင် နားလည်ပေးနေရတဲ့သူလည်း စိတ်ပျက်လာလိမ့်မယ်
Respect မရှိရင် ကြာကြာတွဲလို့ ပေါင်းလို့သင်းလို့မကောင်းဘူး
အဲ့ဒါကြောင့် တစ်ခါတလေ အချစ်ထက် နှစ်ဦးနှစ်ဖက် အပြန်ပြန်အလှန်လှန် respect ရှိလို့ ယူလိုက်ပါတယ်ဆိုတာက ပိုပြီး ငြိမ်းချမ်းကြတယ်
ချစ်တယ်ဆိုရင်တော့ အစစအရာရာ respect ထားကြပေါ့
အဲ့လိုမှမဟုတ်ရင် ရေရှည်လက်တွဲလို့ သင့်တော်မှာမဟုတ်ဘူး

image