မှတ်မှတ်ရရ ကျွန်တော်မူကြိုတက်တုန်းကပေါ့
ဆရာမက လူတိုင်းကို ရောင်စုံစာရွက်လေးတွေ
တစ်ယောက်တစ်ရွက် ဝေပေးတယ်.. 📄
မှတ်မိသလောက် ကျွန်တော်က ခရမ်းရောင်လေး
ကျောင်းသားတွေကို စာရွက်တွေပေးပြီး
ဆရာမက လေယာဥ်ပျံခေါက်နည်း သင်ပေးတယ် ✈️
ဆရာမက အတန်းရှေ့ကနေ အစမ်းခေါက်ပြတယ်..
ကျွန်တော်လဲ ဆရာမခေါက်တာကို လိုက်ကြည့်တာပဲ
ဒါပေမဲ့ လိုက်ကြည့်လဲ မခေါက်တတ်ဘူး.. 😁
သူငယ်ချင်းတွေက စခေါက်နေပြီ
ကျွန်တော်က ဘယ်ကဘယ်လို စခေါက်ရမလဲ
တစ်ယောက်တည်းလမ်းပျောက်နေတာပေါ့... 😟
လမ်းပျောက်နေတဲ့အဆုံး ဆရာမက ကိုယ့်နားလာပြီး
သူငယ်ချင်းခေါက်တာကို ကြည့်ဖို့ပြောတယ်
အဲ့ဒါနဲ့ သူ့အတိုင်းလိုက်ခေါက်တာ နောက်ဆုံးမှာ
ပုံစံတူခရမ်းရောင်လေယာဥ်ပျံလေးရလာတယ် ✈️
သူငယ်ချင်းကတော့ အနီရောင်လေယာဥ်ပျံလေးပေါ့
=====
ကျွန်တော်တို့လဲ စျေးရောင်းတဲ့အခါမှာ တခါတလေ
ဘာဆက်လုပ်ရမှန်းမသိလမ်းပျောက်တတ်နေတယ်
အဲ့ဒီလိုအချိန်ကျရင် စျေးကွက်ထဲက
မိတ်ဆွေတွေကို ကြည့်ပြီးလေ့လာကြည့်ပါ..
ပြည်တွင်းကPageတွေတင်မဟုတ်ပဲ နိုင်ငံတကာက
အောင်မြင်နေတဲ့လုပ်ငန်းတွေကို လေ့လာကြည့်ပါ.. ✅
- Marketing အတွက် သူတို့တွေဘာလုပ်နေကြလဲ?
- ဘယ်လို Content မျိုးတွေတင်နေကြလဲ?
- ဘယ်လိုပုံစံနဲ့ကြော်ငြာနေကြလဲ?
- ဘာကြောင့်လူတွေက သူတို့ဆီကဝယ်ကြတာလဲ?
- သူတို့ရဲ့ ထူးခြားချက်က ဘာဖြစ်မလဲ?
ဒီမေးခွန်းတွေမေးပြီး လေ့လာကြည့်ကြည့်ပါ ✨
=====
မေးခွန်းတွေရဲ့အဖြေကို သိပြီဆိုရင်
ကိုယ့်လုပ်ငန်းမှာ ပုံစံတူစမ်းသပ်ကြည့်ကြည့်ပါ
အလုပ်ဖြစ်တဲ့နည်းလမ်းတွေလဲ တွေ့နိုင်သလို
အလုပ်မဖြစ်တာတွေနဲ့လဲ ကြုံရနိုင်ပါတယ်
နည်းလမ်းပေါင်းများစွာ စမ်းသပ်ပြီးသွားတော့မှ
အလုပ်ဖြစ်တဲ့နည်းလမ်းတွေကို ပြန်ရွေးထုတ််ပါ 🌟
=====
ဒီလိုလုပ်တာက ခိုးချတာနဲ့ အတူတူပဲလားလို့
သင်မေးကောင်းမေးနိုင်ပါလိမ့်မယ်...
လုပ်ငန်းတူ၊ စျေးကွက်တူ ဆိုသည့်တိုင်အောင်
မတူညီမှုတွေကတော့ အနည်းနဲ့အများရှိနေမှာပါပဲ..
စောနက မူကြိုဥပမာတုန်းကလို သူငယ်ချင်းနဲ့
စာရွက်ချင်းတူ၊ ခေါက်တဲ့ပုံစံချင်းတူပေမဲ့
သူကအနီရောင်လေယာဥ်ပျံလေးရသွားပြီး
ကျွန်တော်က ခရမ်းရောင်လေယာဥ်ပျံရသွားတာမျိုးပေါ့
=====
ဘယ်နေရာမှာမဆို ခြွင်းချက်ရှိသလိုပဲ
တချို့အရာ၊ တချို့ကိစ္စတွေကတော့
တိုက်ရိုက်ကြီး ကော်ပီကူးလို့မကောင်းဘူးပေါ့😁
အဲ့ဒီအချိန်ကျရင် Inspired ပဲယူပါ..
သူတို့တွေလုပ်ခဲ့တာကို အတုယူပါ
ကိုယ့်အာဘော် ကိုယ့်နည်းလမ်းအတိုင်း
ပြန်လည်ပြုပြင်ပြီးမှ အသုံးချပါ.. ✅🤗
=====
အကယ်၍ Online ပေါ်မှာ စျေးရောင်းရတာ
လမ်းပျောက်နေတယ်လို့ ခံစားရရင်
1. ရောင်းနေရပါတယ်ဆိုတဲ့ Page တွေကိုရှာပါ
(ကိုယ်နဲ့ စျေးကွက်ချင်းတူရင်ပိုကောင်းပါတယ်)
2. Marketingနဲ့ပတ်သက်ပြီး၊ ကြော်ငြာနဲ့ပတ်သက်ပြီး
သူတို့ဘာတွေဘယ်လိုလုပ်နေလဲဆိုတာ လေ့လာပါ
3. သူတို့ရဲ့နည်းလမ်းကို အတုယူပြီး
ကိုယ့်အာဘော်နဲ့ ပြန်လည်ဖန်တီးကြည့်ပါ
တစ်ခွန်းတည်းဆို Case Study များများလုပ်ပါပေါ့🌟
=====
Marketing သမားစစ်ရင် အမြင်ကျယ်ရပါမယ် 😁
များများမြင်မှ၊ များများလေ့လာနိုင်မှာဖြစ်ပြီး
သူမတူတဲ့အရာတွေ များများဖန်တီးနိုင်မှာဖြစ်ပါတယ် 💖