21 w - Translate

မှတ်မှတ်ရရ ကျွန်တော်မူကြိုတက်တုန်းကပေါ့

ဆရာမက လူတိုင်းကို ရောင်စုံစာရွက်လေးတွေ
တစ်ယောက်တစ်ရွက် ဝေပေးတယ်.. 📄

မှတ်မိသလောက် ကျွန်တော်က ခရမ်းရောင်လေး

ကျောင်းသားတွေကို စာရွက်တွေပေးပြီး
ဆရာမက လေယာဥ်ပျံခေါက်နည်း သင်ပေးတယ် ✈️

ဆရာမက အတန်း​ရှေ့ကနေ အစမ်းခေါက်ပြတယ်..

ကျွန်တော်လဲ ဆရာမခေါက်တာကို လိုက်ကြည့်တာပဲ
ဒါပေမဲ့ လိုက်ကြည့်လဲ မခေါက်တတ်ဘူး.. 😁

သူငယ်ချင်းတွေ​က စခေါက်နေပြီ
ကျွန်တော်က ဘယ်ကဘယ်လို စခေါက်ရမလဲ
တစ်ယောက်တည်းလမ်းပျောက်နေတာပေါ့... 😟

လမ်းပျောက်နေတဲ့အဆုံး ဆရာမက ကိုယ့်နားလာပြီး
သူငယ်ချင်းခေါက်တာကို ကြည့်ဖို့ပြောတယ်

အဲ့ဒါနဲ့ သူ့အတိုင်းလိုက်ခေါက်တာ နောက်ဆုံးမှာ
ပုံစံတူခရမ်းရောင်လေယာဥ်ပျံလေးရလာတယ် ✈️

သူငယ်ချင်းကတော့ အနီရောင်လေယာဥ်ပျံလေးပေါ့

=====

ကျွန်တော်တို့လဲ စျေးရောင်းတဲ့အခါမှာ တခါတလေ
ဘာဆက်လုပ်ရမှန်းမသိလမ်းပျောက်တတ်နေတယ်

အဲ့ဒီလိုအချိန်ကျရင် စျေးကွက်ထဲက
မိတ်ဆွေတွေကို ကြည့်ပြီးလေ့လာ​ကြည့်ပါ..

ပြည်တွင်းကPageတွေတင်မဟုတ်ပဲ နိုင်ငံတကာက
အောင်မြင်နေတဲ့လုပ်ငန်းတွေကို လေ့လာကြည့်ပါ.. ✅

- Marketing အတွက် သူတို့တွေဘာလုပ်နေကြလဲ?
- ဘယ်လို Content မျိုးတွေတင်နေကြလဲ?
- ဘယ်လိုပုံစံနဲ့ကြော်ငြာနေကြလဲ?
- ဘာကြောင့်လူတွေက သူတို့ဆီကဝယ်ကြတာလဲ?
- သူတို့ရဲ့ ထူးခြားချက်က ဘာဖြစ်မလဲ?

ဒီမေးခွန်းတွေမေးပြီး လေ့လာကြည့်ကြည့်ပါ ✨

=====

မေးခွန်းတွေရဲ့အဖြေကို သိပြီဆိုရင်
ကိုယ့်လုပ်ငန်းမှာ ပုံစံတူစမ်းသပ်ကြည့်ကြည့်ပါ

အလုပ်ဖြစ်တဲ့နည်းလမ်းတွေလဲ တွေ့နိုင်သလို
အလုပ်မဖြစ်တာတွေနဲ့လဲ ကြုံရနိုင်ပါတယ်

နည်းလမ်းပေါင်းများစွာ စမ်းသပ်ပြီးသွားတော့မှ
အလုပ်ဖြစ်တဲ့နည်းလမ်းတွေကို ပြန်ရွေးထုတ််ပါ 🌟

=====

ဒီလိုလုပ်တာက ခိုးချတာနဲ့ အတူတူပဲလားလို့
သင်မေးကောင်းမေးနိုင်ပါလိမ့်မယ်...

လုပ်ငန်းတူ၊ စျေးကွက်တူ ဆိုသည့်တိုင်အောင်
မတူညီမှုတွေကတော့ အနည်းနဲ့အများရှိနေမှာပါပဲ..

စောနက မူကြိုဥပမာတုန်းကလို သူငယ်ချင်းနဲ့
စာရွက်ချင်းတူ၊ ခေါက်တဲ့ပုံစံချင်းတူပေမဲ့
သူကအနီရောင်လေယာဥ်ပျံလေးရသွားပြီး
ကျွန်တော်က ခရမ်း​ရော​င်လေယာဥ်​ပျံရသွားတာမျိုးပေါ့

=====

ဘယ်နေရာမှာမဆို ခြွင်းချက်ရှိသလိုပဲ

တချို့အရာ၊ တချို့ကိစ္စတွေကတော့
တိုက်ရိုက်ကြီး ကော်ပီကူးလို့မကောင်းဘူးပေါ့😁

အဲ့ဒီအချိန်ကျရင် Inspired ပဲယူပါ..

သူတို့တွေလုပ်ခဲ့တာကို အတုယူပါ
ကိုယ့်အာဘော် ကိုယ့်​နည်းလမ်း​အတိုင်း​
ပြန်လည်ပြုပြင်ပြီးမှ အသုံးချပါ.. ✅🤗

=====

အကယ်၍ Online ပေါ်မှာ စျေးရောင်းရတာ
လမ်းပျောက်နေတယ်လို့ ခံစားရရင်

1. ရောင်း​နေရပါတယ်ဆိုတဲ့ Page တွေကိုရှာပါ
(ကိုယ်နဲ့ စျေးကွက်​ချင်းတူရင်ပိုကောင်းပါတယ်)​

2. Marketingနဲ့ပတ်သက်ပြီး၊ ကြော်ငြာနဲ့ပတ်သက်ပြီး
သူတို့ဘာတွေဘယ်လိုလုပ်နေလဲဆိုတာ လေ့လာပါ

3. သူတို့ရဲ့နည်းလမ်းကို အတုယူပြီး
ကိုယ့်အာဘော်နဲ့ ပြန်လည်ဖန်တီးကြည့်ပါ

တစ်ခွန်းတည်းဆို Case Study များများလုပ်ပါပေါ့🌟

=====

Marketing သမားစစ်ရင် အမြင်ကျယ်ရပါမယ် 😁

များများ​မြင်မှ၊ များများလေ့လာနိုင်မှာဖြစ်ပြီး
သူမတူတဲ့အရာတွေ များများဖန်တီးနိုင်မှာဖြစ်ပါတယ် 💖