21 w - Translate

Information တွေ မြန်ဆန်လာမှုတွေက
Marketing မှာလဲ သက်ရောက်မှုရှိတယ်

=====

အရင်တုန်းက စီးပွားရေး Model တွေက
ထုတ်လုပ်သူ > ဖြန့်ချီသူ > ရောင်းချသူ > ဝယ်သူ
ဆိုပြီး အဆင့်ဆင့်သွားတယ်...

အခုတော့ ဝယ်သူတွေက Internet မှာ
အလွယ်တကူရှာဖွေပြီး ဝယ်ယူလို့ရလာတာမလို့
ထုတ်လုပ်သူ > ဝယ်သူ ဆိုပြီး
တန်းအဆင့်ကျော်တာတွေ ဖြစ်လာတယ်...

=====

ဒါ့ကြောင့် လက်ကားဒိုင်တွေကလဲ Page တွေထောင်၊ လက်လီပြန်ရောင်းတာတွေပေါ်လာတယ်

သူတို့အတွက်လဲ အပိုဝင်ငွေလမ်းကြောင်းတစ်ခုပေါ့

ဝယ်သူတွေကလဲ ဝယ်ချင်ရင် Online က ရှာပြီး
လက်ကားဒိုင်ကနေပဲ တန်းဝယ်ကြတော့တယ်

ဒါမျိုးကို Disintermediation လို့ခေါ်တယ်
ကြားလူကို ဖယ်ထုတ်လိုက်ခြင်းပေါ့..

=====

Information သွားလာတာမြန်တဲ့
မြို့ကြီးတွေမှာ Retail(တဆင့်ပြန်ရောင်းသူ)​တွေက
အရင် Internet မတိုင်ခင်ခေတ်လောက်
ရောင်းမကောင်းကြတော့ဘူး...

Online မှာဆို ပိုသိသာတယ်
Retail ပြန်ရောင်းတဲ့သူတွေက အပြင်ဆိုင်တွေမှာ
ဝယ်ရခက်တဲ့ ပစ္စည်းတွေလောက် ရှာရောင်းမှ
ရောင်းအားအထိုက်အလျှောက်ရှိတော့တယ်..

Information Transparency ကြောင့်
Disintermediation တွေ ထပ်ထပ်ဖြစ်လာတဲ့အခါ
Retail Industry က တိုးရပိုခက်လာနိုင်တယ်...

စျေးကွက်အပြောင်းအလဲကို
ကြိုတင်မှန်းဆထားနိုင်ရင် အခုကတည်းက
လိုအပ်တဲ့ပြင်ဆင်မှုတွေ ကြိုလုပ်ထားလို့ရတာပေါ့

Disintermediation ရဲ့ သဘောတရားကို နားလည်လွယ်အောင် Comment မှာ ပုံနဲ့ ရှင်းပြထားပါတယ် ✅