21 w - Translate

🤖 AI နဲ့ ပုံဆွဲချင်ရင် Adobe Firefly ကို သုံးကြည့်ပါ။

အရင်ကတော့ ကျွန်တော်လည်း Firefly ရဲ့ ပုံထွက်တွေကို သိပ်မကြိုက်လို့ မသုံးဖြစ်ဘူး။ အခုတော့ Adobe က Firefly Image 3 မော်ဒယ်ကို Preview အနေနဲ့ ထည့်ပေးထားလို့ ပြန်သုံးကြည့်ဖြစ်တယ်။ စမ်းသုံးကြည့်ရသလောက် ပုံထွက်တွေက တော်တော်မိုက်လာတာ တွေ့ရတယ်။ တချိူ့ Portrait ပုံတွေဆို AI နဲ့ ဆွဲထားတယ်လို့တောင် မထင်ရဘူး။

ပုံထုတ်ရင် Aspect Ratio, Effect, Lighting, Camera Angle, Color နဲ့ Tone တွေကိုပါ အမျိူးမျိူးရွေးလို့ရအောင် လုပ်ပေးထားတယ်။ Reference အနေနဲ့ ဓာတ်ပုံပြပြီးတော့လည်း ထုတ်ခိုင်းလို့ရသေးတယ်။ ပုံထဲက မလိုတာတွေဖျက်ပြီး၊ လိုတာတွေအလွယ်ထည့်လို့ရတဲ့ Generative Fill လည်းပါတယ်။

AI ပုံတွေကို စိတ်ကြိုက်ပုံဖော်ပြီး၊ စိတ်ကြိုက်ပြင်လို့ရအောင် လုပ်ပေးထားတာမို့ စိတ်ဝင်စားရင် စမ်းသုံးကြည့်သင့်တယ်။ Generate လုပ်ခွင့်ကိုတော့ တစ်လကို ၂၅ကြိမ်ပဲ Free ပေးပါတယ်။

image