21 w - Translate

နည်းလမ်းအမျိုးမျိုး အသုံးဝင်တဲ့ သံပုရာသီး

သံပုရာသီးကို ဖျော်ရည် လုပ်သောက်ခြင်း အပြင် အခြားသော အသုံးပြုနည်း များစွာ ရှိပါသေးတယ်။

– သံပုရာသီးလုံးကို ရှူခြင်းအားဖြင့် ခေါင်းမူး ခေါင်းကိုက် သက်သာတာတော့ တော်တော်များများ သိကြပါတယ်

– စွန့်ပစ်ရန် ထားရှိထားတဲ့ အမှိုက်ထုတ်၊ အမှိုက်ပှုံးကနေ အနံ့ဆိုး မထွက်စေချင်ဘူးဆိုရင် သံပုရာသီခြမ်း တစ်ခြမ်းထည့်ထားလိုက်ရင် ရပါတယ်။ သံပုရာသီးခြမ်းက အနံ့ကို ဆုပ်သွားပေးပါတယ်။

– ရေခဲသေတ္တာထဲမှာ အစားအသောက်စုံလင်စွာ ထည့်ထားမှုကြောင့် အနံ့အသက် မကောင်းဘူးဆိုရင် သံပုရာသီး ခြမ်း တစ်ခြမ်း ထည့်ထားနိုင်ပါတယ်။ အနံ့ဆိုးရှိတော့မှာ မဟုတ်ပါဘူး။

– ရေနွေးပန်းကန်လုံးထဲ သံပုရာသီးညစ်၊ သံပုရာသီးခြမ်းပါထည့်ထားပြီးတော့ လက်ဆေးရင် လက်ပေါ်က အနံ့အသက်တွေ ပျောက်ပါတယ်။ အထူးသဖြင့် ဂဏန်း၊ အမဲသား၊ ကြက်သား အစရှိသဖြင့်တို့ကို လက်နဲ့ ကိုင်ပြီးစားတဲ့အခါ အနံ့အသက်ဟာ အတော်လေး ပျောက်ရန် ခဲယင်းတာကြောင့် ယင်းကဲ့သို့ ပြုလုပ်နိုင်ပါတယ်။

– သံပုရာသီးဖျော်ရည်ဖျော်သောက်ဖို့အတွက် အရည်ညစ်ပြီးရင် ကျန်တဲ့ အခွံ့နဲ့ တစ်ကိုယ်လုံးကို လိမ်းနိုင်ပါတယ်။ အသားရေကို စိုပြေစေမှာ ဖြစ်ပါတယ်။ အထူးသဖြင့် တံတောင်ဆစ်မှာ လိမ်းသင့်ပါတယ်။ တံတောင်ဆစ်မှာ ထောက်ထားတာများတာကြောင့် ခပ်မာမာနဲ့ မဲနေတတ်ပြီး ယင်း အမဲများကို ပျောက်စေမှာ ဖြစ်ပါတယ်။ အစိုဓာတ် ပြန်ပေးလို့ ဖြစ်ပါတယ်။ မျက်နှာကိုလည်း လိမ်းခြင်းဖြင့် အသားရေ စိုပြေစေ ပါတယ်။

– သံပုရာသီးခြမ်းကို ပန်းကန်ဆေးစက်ထဲ ထည့်ပြီးတော့ ပန်းကန်ဆေးရင် ပန်းကန်ကို အနံ့မွေး သန့်ရှင်းစေ ပါတယ်။

အခြားသော အသုံးပြုနည်းများစွာလည်း ရှိပါသေးတယ်။

image