21 w - Translate

အမဲသားကြော် ကြွပ်ကြွပ်မွမွလေး
တခါတလေ ဆီပြန်ဟင်းတွေလည်း မချက်ချင်တဲ့အခါ လွယ်လွယ်ကူကူပဲ အမဲသားကြော် ကြွပ်ကြွပ်လေးကြော်ပြီး ထမင်းကို ဆီနဲ့ဆားနဲ့နယ်စားကြည့်ပါ အရမ်းစားလို့ကောင်းပါတယ်။ အမဲသားကြော်က အာဟာရလည်းပြည့်၊ ချက်ရပြတ်ရတာလည်း အလုပ်မရှုပ်ဘူးဆိုတော့ အိမ်ရှင်မတွေအတွက် ရွေးချယ်သင့်တဲ့ ဟင်းတစ်ခွက်ပါ။ ပဲဆီနံမွှေးမွှေးလေးနဲ့ ထမင်းဖြူ‌လေးရယ်
အမဲသားကြော် ကြွပ်ကြွပ်မွမွလေးရယ် သွားရည်တောင်ကျလာပြီမဟုတ်လား
ပါဝင်ပစ္စည်းများကတော့
အမဲသား ၂၅ ကျပ်သား
ဂျင်းထောင်းပြီးသား ၅ ကျပ်သား
ကြက်သွန်ဖြူထောင်းပြီးသား ၅ ကျပ်သား
ကြက်သားမှုန့် ထမင်းစားဇွန်း သုံးပုံနှစ်ပုံ
ဆီ ၂၅ ကျပ်သား
ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ရေ တစ်လီတာ
ချက်ပြုတ်ပြင်ဆင်ပုံ
၁။ ပထမဆုံးအမဲသားတွေကို အနေတော်တုံးပြီး ရေဆေးထားပါ။ အသားတွေကို အိုးတစ်ခုထဲထည့်ပြီး ညှီနံပျောက်အောင် ဂျင်း၊ ကြက်သွန်ဖြူထောင်းထားတဲ့ အရည်ရောအဖတ်ရောကိုထည့်၊ ငရုတ်ကောင်းနဲ့ ကြက်သားမှုန့်ထည့်ပြီး ၅မိနစ်ခန့် နယ်နှပ်ထားပါမယ်။
၂။ အသားထဲ အမွှေးအကြိုင်တွေစိမ့်ဝင်သွားပြီဆိုမှ အဲ့ဒီအိုးထဲ ရေတစ်လီတာထည့်ကာ မီးပြင်းပြင်းနဲ့ရေခမ်းချိန်ထိပြုတ်ထားပါမယ်။
၃။ ရေခမ်းချိန်မှ ပြုတ်ထားတဲ့ အသားတွေကိုထုတ်ပြီး အသားမျှင်နည်းနည်းဖြဲကာ အအေးခံထားပါမယ်။ အမဲသားကို အသားတွေမမျှင်ဘဲ အတုံးလိုက်စားချင်ရင်တော့ ပြုတ်ပြီး မကြော်ခင် အနည်းငယ်ထောင်းပြီးမှ ကြော်ပါ။
ဆီကိုအိုးမကပ်တဲ့ ဒယ်အိုးထဲထည့်၊ ပူအောင်တည်ပြီး ခုနက အမဲသားမျှင်တွေကို ဆီထဲ ထည့်ကြော်ပါမယ်။
၄။ အမဲသားတွေ အပြင်ရောင်ညိုလာပြီးကြွပ်လာပြီဆိုတာနဲ့ အိုးထဲကနေ ထုတ်ပြီး အရသာရှိတဲ့ အမဲသားကြွပ်ကြော်မွမွလေးကို ဆီဆားနယ်ထားတဲ့ ထမင်းပူပူလေးနဲ့ တွဲဖက်စားသုံးနိုင်ပါပြီ
အစပ်ကြိုက်ရင် ငရုတ်သီးထည့်ကြော်လို့ရပြီး တခြားကြိုက်နှစ်သက်ရာ ပျဉ်တော်သိမ်ရွက်၊ ကြက်သွန်နီတို့ရဲ့ ရောကြော်လည်းရပါတယ်...

image