21 w - Translate

ဒီတစ်ပတ် မန်ယူနိုက်တက်ပရိသတ်ဖြစ်မလားဆိုတဲ့မေးခွန်းကို ဂွါဒီယိုလာရဲ့ဖြေကြားချက်

"ကျွန်တော်က မန်စီးတီးပရိသတ်ပဲ ဖြစ်နေမှာပါ။ဖူလ်ဟမ်ကို အနိုင်ကစားမယ့် မန်စီးတီးအသင်းကိုပဲ အားပေးနေမှာပါ။ကျွန်တော်တို့အနေနဲ့ ချန်ပီယံဆုအတွက် ကိုယ့်ကံကြမ္မာကို ကိုယ်စီရင်ခွင့်ရှိနေပါတယ်။အခြားအသင်းတွေကို လိုက်ကြည့်နေစရာမလိုပါဘူး''

■ ဖူလ်ဟမ်-မန်စီးတီးပွဲအတွက် ပြုလုပ်ခဲ့သော ပွဲကြိုမီဒီယာတွေ့ဆုံမှုတွင် ယခုတစ်ပတ်ကစားမည့် မန်ယူနိုက်တက်-အာဆင်နယ်ပွဲ၌ မန်ယူနိုက်တက်အသင်းအနိုင်ရအောင် အားပေးနေမည့်ပရိသတ်တစ်ဦး ဖြစ်လာမလားဆိုသည့် မေးခွန်းကို မန်စီးတီးအသင်းနည်းပြဂွါဒီယိုလာက ပညာသားပါပါ ဖြေကြားခဲ့ခြင်းဖြစ်သည်။

■ နည်းပြ ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းဟာ လန်ဒန်မှာ ဖူလ်ဟမ်နဲ့ ကစားခဲ့သည့် ပွဲစဉ်တွင် ဂိုးပြတ်အနိုင်ယူပြီး ဇယားထိပ်ကို တက်လှမ်းလာနိုင်သည်။ဒါ့အပြင် ပရီးမီးယားလိဂ်လက်ကျန်(၂)ပွဲစလုံးကို အနိုင်ကစားနိုင်ပါက ပြိုင်ဘက် အာဆင်နယ်အသင်း၏ ရလဒ်များကို ကြည့်နေစရာမလိုဘဲ ဂွါဒီယိုလာရဲ့ အသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို (၄)ကြိမ်ဆက်တိုက်အဖြစ် ရယူနိုင်မည်ဖြစ်သည်။

image