21 w - Translate

မိမိရဲ့ Social Media Account မှန်သမျှကို တစ်နေရာထဲမှာ ဖျက်ပစ်နိုင်တဲ့ Deseat.me
Gmail account တစ်ခုရှိရုံနဲ့ Facebook, instagram, X (Twitter) စတဲ့ Social App တွေကို ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့ တစ်ခါတစ်လေမှာ အရေးကြီးကိစ္စကြုံလာလို့ဖြစ်ဖြစ် ကိုယ့်ရဲ့ Social App တွေကို ဖျက်ပစ်ချင်တာမျိုးတွေ ရှိလာတတ်ပါတယ်။
ဒါပေမဲ့ Gamil Account တစ်ခုလုံးကို မဖျက်ချင်ဘူး သူနဲ့ချိတ်ဆက်ထားတဲ့ App တွေတချို့ကိုတော့ ဖျက်ချင်တယ်ဆိုရင် အခုပြောပြပေးမယ့် Website လေးကို သုံးကြည့်စေချင်ပါတယ်။
သူကတော့ Deseat.me လို့ ခေါ်ပါတယ်။
ဒီ Website ထဲကို စဝင်တာနဲ့ သင့်ရဲ့ Gmail Account ဒါမှမဟုတ် Outlook Account ကို အရင်တောင်းပါလိမ့်မယ်။ ပြီးရင် Sing in ဝင်လိုက်တာနဲ့ Gmail account နဲ့ ချိတ်ဆက်ထားသမျှ App တွေ၊ Social Media Account တွေနဲ့ Website တွေကို ပြသပေးသွားမှာပါ။
ကိုယ်ဖွင့်ထားပြီး မမှတ်မိတော့တဲ့ App အဟောင်းတွေတောင် ပါနိုင်ပါတယ်။ အာ့ဒီထဲမှာမှ ကိုယ်ဖျက်ချင်တဲ့ App or Website တွေကို Add to Delete queue ထဲထည့်ပြီး ဖျက်ပစ်နိုင်ပါတယ်။ အကယ်၍ သင်က Mail ကိုပါ ဖျက်ချင်တယ်ဆိုရင်လည်း ဖျက်လို့ရပါသေးတယ်။
Desert.me ဟာဆိုရင် QAuth 2.0 Protocol ကို အခြေခံပြီး ဖန်တီးထားတာဖြစ်တာကြောင့် ကိုယ့် Gmail Account ရဲ့ Data တွေကို မှတ်ယူထားခြင်းမရှိတာမို့ စိတ်ချစွာ သုံးနိုင်မှာပဲဖြစ်ပါတယ်။
ဘော်ဒါတွေထဲမှာရော သုံးဖူးတဲ့ သူတွေများရှိကြလား ခင်ဗျာ။ အတွေ့အကြုံလေးတွေ ဝေမျှခဲ့လို့ရပါတယ်။

Credit to Akhayar Tech

image