ကျွန်တော် Boost Service စစချင်းလုပ်တုန်းက သူများတွေ Audience ဘယ်လိုရွေးလဲဆိုတာ သိချင်ခဲ့ဖူးတယ်
ဒါ့ကြောင့် ကိုယ့်ထက်ကျွမ်းတဲ့ စီနီယာတွေကို လက်ဖက်ရည်လိုက်တိုက်ပြီး
ဒီ Item အတွက်ဆို Audience ဘယ်လိုရွေးမလဲ
ဟို Item အတွက်ဆို Audience ဘယ်လိုရွေးမလဲ
တစ်ခုချင်းလိုက်မေးခဲ့ဖူးတယ်...
နောက်ကျတော့ သူများတွေ Audience ဘယ်လိုရွေးထားလဲဆိုတာ လေ့လာလို့ရတဲ့နည်းတစ်ခု သိလာခဲ့တယ်..
အဲ့ဒီနည်းလမ်းလေးကို အခုမျှဝေပေးပါမယ် ✨🤗
=====
Facebook သုံးနေရင်း ကိုယ့်ရောင်းနေတဲ့ပစ္စည်းနဲ့ဆင်တူတဲ့ ကြော်ငြာတစ်ပုဒ်တက်လာပြီဆိုပါစို့
1. Sponsored Post ရဲ့ ညာဘက်အပေါ်ဆုံးထောင့်က အစက် 3 စက်ကိုနှိပ်ပါ
2. Why am i seeing this ad ကိုနှိပ်ပါ
3. Advertiser Choices ကိုထပ်နှိပ်ပါ
4. အဆိုပါ Post ကို Boost ထားတဲ့သူ ရွေးချယ်ထားတဲ့ Audience တွေကို တွေ့ရမှာဖြစ်ပါတယ်
=====
Age နဲ့ Location ကတော့ ရွေးထားတဲ့အတိုင်းအတိအကျမြင်ရမှာဖြစ်ပေမဲ့
Interest ကတော့ 80% လောက်ပဲ တိကျမှာဖြစ်ပါတယ်
Advertiser ရွေးထားတဲ့ Interest အကုန်မပြပဲ ကိုယ်နဲ့ဆိုင်တဲ့ Interest ပဲပြတာမျိုးလဲဖြစ်တတ်ပါတယ်
တခါတလေ မဆိုင်တဲ့ Interest တွေလဲ ထည့်ထားတတ်တာမလို့ 80% လောက်ပဲတိကျပါတယ်
=====
ဒါပေမဲ့ Interest ဘာထည့်ရမလဲမသိတဲ့ Beginner လေးတွေအတွက်ဆိုရင်တော့ ဒီနည်းလမ်းလေးက အသုံးဝင်လောက်မယ်လို့ထင်ပါတယ် ✨🤗
တစ်ခုအကြံပေးချင်တာက Boost တဲ့အခါ Result ကောင်းမကောင်းက Audience ရွေးတာနဲ့ 20% လောက်ပဲသက်ဆိုင်ပါတယ်
- ပစ္စည်းအရမ်းကောင်းတဲ့သူတွေ၊
- Marketing အရမ်းကောင်းတဲ့သူတွေ၊
- Brand သေချာတည်ဆောက်ထားတဲ့သူတွေ၊
- ကြော်ငြာအရမ်းကောင်းတဲ့သူတွေကျတော့ ဖြစ်သလို ရွေးပြီး Boost ရင်တောင်ရောင်းရပါတယ် ✅
Audience တွေ တမျိုးပြီး တမျိုးပြောင်း
Boost Service တွေ တမျိုးပြီး တမျိုးပြောင်းနေတာတောင်မှ မရောင်းရဘူးဖြစ်နေရင်
Boost တဲ့နေရာမှာ ပြဿနာတက်နေတာ
ဟုတ်ရဲ့လားပြန်ဆန်းစစ်ပါ 🌟
အနာနဲ့ ဆေးနဲ့ မတည့်ရင်လဲ ရောဂါမပျောက်တာမလို့
မရောင်းရဘူးဆိုရင် ရောဂါအရင်းအမြစ်ကို
သေချာဆန်းစစ်ကြည့်ဖို့အကြံပေးပါတယ်ခင်ဗျ🤗✨