21 w - Translate

ကျွန်တော် Boost Service​ စစချင်းလုပ်တုန်းက သူများတွေ Audience​ ဘယ်လိုရွေးလဲဆိုတာ သိချင်ခဲ့ဖူးတယ်

ဒါ့ကြောင့် ကိုယ့်ထက်ကျွမ်းတဲ့ စီနီယာတွေကို လက်ဖက်ရည်လိုက်တိုက်ပြီး

ဒီ Item အတွက်ဆို Audience ဘယ်လိုရွေးမလဲ
ဟို Item အတွက်ဆို Audience ဘယ်လိုရွေးမလဲ
တစ်ခုချင်းလိုက်မေးခဲ့ဖူးတယ်...

နောက်ကျတော့ သူများတွေ Audience ဘယ်လိုရွေးထားလဲဆိုတာ လေ့လာလို့ရတဲ့နည်းတစ်ခု သိလာခဲ့တယ်..

အဲ့ဒီနည်းလမ်းလေးကို အခုမျှဝေပေးပါမယ် ✨🤗

=====

Facebook​ သုံးနေရင်း ကိုယ့်ရောင်းနေတဲ့ပစ္စည်းနဲ့ဆင်တူတဲ့ ကြော်ငြာတစ်ပုဒ်တက်လာပြီဆိုပါစို့

1. Sponsored Post ရဲ့ ညာဘက်အပေါ်ဆုံးထောင့်က အစက် 3 စက်​ကိုနှိပ်ပါ
2. Why am i seeing this ad ကိုနှိပ်ပါ
3. Advertiser Choices ကိုထပ်နှိပ်ပါ
4. အဆိုပါ Post ကို Boost ထားတဲ့သူ ရွေးချယ်ထားတဲ့ Audience တွေကို တွေ့ရမှာဖြစ်ပါတယ်

=====

Age နဲ့ Location​ ကတော့ ရွေးထားတဲ့​အတိုင်းအတိအကျမြင်ရမှာဖြစ်ပေမဲ့

Interest ကတော့ 80% လောက်ပဲ တိကျမှာဖြစ်ပါတယ်

Advertiser ရွေးထားတဲ့ Interest အကုန်မပြပဲ ကိုယ်နဲ့ဆိုင်တဲ့ Interest ပဲပြတာမျိုးလဲဖြစ်တတ်ပါတယ်

တခါတလေ မဆိုင်တဲ့ Interest တွေလဲ ထည့်ထားတတ်တာမလို့ 80% လောက်ပဲတိကျပါတယ်

=====

ဒါပေမဲ့ Interest ဘာထည့်ရမလဲမသိတဲ့ Beginner လေးတွေအတွက်ဆိုရင်တော့ ဒီနည်းလမ်းလေးက အသုံးဝင်လောက်မယ်လို့ထင်ပါတယ် ✨🤗

တစ်ခုအကြံပေးချင်တာက Boost တဲ့အခါ Result ကောင်းမကောင်းက Audience ရွေးတာနဲ့ 20% လောက်ပဲသက်ဆိုင်ပါတယ်

- ပစ္စည်းအရမ်းကောင်းတဲ့သူတွေ၊
- Marketing အရမ်းကောင်းတဲ့သူတွေ၊
- Brand သေချာတည်ဆောက်ထားတဲ့သူတွေ၊
- ကြော်ငြာ​အရမ်းကောင်းတဲ့သူတွေကျတော့ ဖြစ်သလို ရွေးပြီး Boost​ ရင်တောင်ရောင်းရပါတယ် ✅

Audience တွေ တမျိုးပြီး တမျိုးပြောင်း
Boost Service တွေ တမျိုးပြီး တမျိုးပြောင်းနေတာတောင်မှ မရောင်းရဘူးဖြစ်နေရင်

Boost တဲ့နေရာမှာ ပြဿနာတက်နေတာ
ဟုတ်ရဲ့လားပြန်ဆန်းစစ်ပါ 🌟

အနာနဲ့ ဆေးနဲ့ မတည့်ရင်လဲ ရောဂါမပျောက်တာမလို့
မရောင်းရဘူးဆိုရင် ရောဂါအရင်းအမြစ်ကို
သေချာဆန်းစစ်ကြည့်ဖို့အကြံပေးပါတယ်ခင်ဗျ🤗✨