21 w - Translate

Marketing ဆိုတာ​ Customer တွေအတွက်
ကိုယ်ဘာလုပ်ပေးနိုင်လဲဆိုတာကို ဖော်ပြရတာပါ ✅

=====

ရှော ဆိုတဲ့လူတစ်ယောက်အကြောင်းပြောပြပါမယ်
သူက တက်သစ်စ ဓာတ်ပုံဆရာတစ်ယောက်ပါ 📸

သူ့ဆီမှာ Client ရယ်လို့သိပ်မရှိတတ်ပါဘူး

တနေ့မှာတော့ သူရဲ့အိမ်နားက ဒိတ်ဒိတ်ကျဲသူဌေးတွေ Member ဝင်ထားတဲ့ ဂေါက်ကွင်းဆီသွားခဲ့ပါတယ်

သူရိုက်ထားဖူးတဲ့ဓာတ်ပုံတွေ၊ သူ့ရဲ့လိပ်စာကဒ်တွေကို မဝံ့မရဲနဲ့ ဂေါက်ကွင်းမန်နေဂျာကိုပြခဲ့ပါတယ်...

မန်နေဂျာကြီးက စကားပြန်ပြောချင်သလိုလို မပြောချင်သလိုလိုဟန်နဲ့ ဓာတ်ပုံဆရာ ပေးတာတွေကို ယူထားလိုက်ပြီး အိမ်ပြန်လွှတ်လိုက်ပါတယ်...

နောက် 2ရက် 3ရက်အကြာမှာတော့
ရှော ဆီကို ဖုန်းတစ် Call ဝင်လာတယ်.. 📞

ဖြစ်ချင်တော့ မန်နေဂျာကြီးဆက်တာဖြစ်နေသဗျ

သူ့ရဲ့မန်နေဂျာသက်တမ်း 15နှစ်အတွင်းမှာ ဘယ်သူကမှ သူ့ကို ဓာတ်ပုံဆရာ အလိုရှိကြောင်း မပြောခဲ့ဖူးဘူးတဲ့

အခုတော့ ကလပ်မှာကျင်းပမဲ့ ပြန်လည်တွေ့ဆုံပွဲတစ်ခုမှာ အမှတ်တရဓာတ်ပုံရိုက်လို့ရနိုင်မလားဆိုပြီး ဂေါက်ကလပ်အဖွဲ့ဝင်တစ်ယောက်က သူ့ကိုမေးပါသတဲ့

ဒီလိုနဲ့ ရှောဟာ အဲ့ဒီပွဲအတွက် ဓာတ်ပုံရိုက်ကူးခွင့်ရခဲ့ပြီး နောက်ပိုင်းမှာလဲ တခြားအဖွဲ့ဝင်တွေအတွက် မရေမတွက်နိုင်အောင် ဓာတ်ပုံများစွာရိုက်ကူးပေးခဲ့ပါတယ် 💖

(Jeffery Shaw ရဲ့ Self Employed Life စာအုပ်ထဲမှ ပုံပြင်လေးအား ကိုးကားရေးထားခြင်းဖြစ်ပါတယ်)​

=====

ဒါကိုကြည့်မယ်ဆိုရင် ရှော လုပ်ခဲ့တာတစ်ခုပါပဲ

သူ့ဆီမှာ ဓာတ်ပုံရိုက်နိုင်ကြောင်း Potential Customer တွေကို အသိပေး၊ ဖော်ပြပေးခဲ့ရုံပါ..

ဒီလို ဖော်ပြပေးလိုက်ခြင်းကြောင့် ရှော ဟာ
Opportunity အသစ်တွေ ရခဲ့တယ်ဆိုလဲမမှားပါဘူး

=====

Marketing လုပ်တဲ့နေရာမှာလဲ
ကိုယ်ဘာတွေလုပ်ပေးနိုင်တယ်ဆိုတဲ့အကြောင်းကို Customer တွေ သိအောင် ဖော်ပြပေးရတတ်ပါတယ်

ဥပမာ ကိုယ်က ကလေးအထည်ရောင်းနေတာဆိုရင် ကိုယ့်ဆီမှာ ကလေးအထည်ဝယ်လို့ရကြောင်း လူများများသိအောင် ဖော်ပြထားရပါမယ်

ဒါမှ ကိုယ့်အနီးအနားမှာ ကလေးအထည် ဝယ်ချင်တဲ့သူပေါ်လာရင် ကိုယ့်ဆီ လာဝယ်မှာဖြစ်ပါတယ်

အကယ်၍ ကိုယ်သာ ကလေးအထည်ရောင်းကြောင်း မဖော်ပြထား​ရင် ဘယ်သူမှလဲလာဝယ်မှာမဟုတ်ပါဘူး..

ရှော သာ သူ့ဆီမှာ ဓာတ်ပုံရိုက်လို့ရကြောင်း
သွားမပြောထားရင် Client ရလာမှာမဟုတ်ပါဘူး

=====

စားသောက်ဆိုင် တစ်ဆိုင်ထိုင်ရင်တောင်
ကျွန်တော်တို့အရင်ဆုံးမေးတာက

"ဒီ​ဆိုင်မှာဘာရသလဲ?"​ ဆိုတဲ့မေးခွန်းပဲလေနော်

စားပွဲထိုးသာ Menu မချပေးရင်၊ ဘာဟင်းတွေရလဲမပြောရင် ကျွန်တော်တို့လဲ ဝယ်စားကြမှာမဟုတ်ပါဘူး

=====

Marketing ဆိုတာ​ Customer တွေအတွက်
ကိုယ်ဘာလုပ်ပေးနိုင်လဲဆိုတာကို ဖော်ပြရတာပါ

ဘယ်လို​ဖော်ပြလို့ရမလဲဆိုရင်
- Content တွေကနေ ဖော်ပြလို့ရတယ်
- Influencer တွေသုံးပြီး ဖော်ပြလို့ရတယ်
- လိပ်စာကဒ်ပေးပြီး ဖော်ပြလို့ရတယ်
- Boost လုပ်ပြီး ဖော်ပြလို့ရတယ်
- တကူးတက Email ပို့ပြီး ဖော်ပြလို့ရတယ်
- Customer တွေကို ပြန်ညွှန်ခိုင်းပြီး ကိုယ့်အစား ဖော်ပြခိုင်းလို့ရတယ်

ဘယ်လိုနည်းလမ်းသုံးစေကာမူ
- ကိုယ့်ဆီမှာဘာတွေရလဲ၊
- အခကြေးငွေယူပြီး ဘာတွေလုပ်ပေးနိုင်လဲ
- ဘာတွေရောင်းပေးနိုင်လဲဆိုတာ လူတွေများများသိအောင် နည်းလမ်းမျိုးစုံနဲ့ဖော်ပြပေးပါ

ရောင်းအားက သူ့အလိုလိုလိုက်လာပါလိမ့်မယ်✨🤗