21 w - Translate

ငှက်ပျောမွှေကြော် အိအိလေး

တစ်ကယ်လို့ အရမ်းချိုတာကို ကြိုက်ရင်တော့ သကြားကို သင့်သလို ထဲ့ပေးနိူင်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ ငှက်ပျောသီး မွှေကြော် ကြော်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
ငှက်ပျောသီး - ဆယ်လုံး
တန်ပူရာမှုန့် - တစ်ခွက်ခွဲ (မုန့်လုပ်ရာတွင် ချင်တွယ်သောခွက်)
ရေ - 200 ml
ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
ဆီ - လိုသလောက် သုံးပေးပါ

ပြင်ဆင်ပုံ
ဇလုံတစ်လုံးထဲမှာ ဆား တန်ပူရာမှုန့်နှင့် ရေတို့ကို ရောပြီး အမှုန့်များ ကျေသွားအောင် ချေထားပေးပါ
နောက်ထပ် ဇလုံတစ်လုံးထဲမှာ ငှက်ပျောသီးများကို အခွံနွာပြီး ကျေသွားတဲ့အထိ ချေထားပါ
ငှက်ပျောသီးများ ကျေသွားတာနဲ့ အရည် ဖျော်ထားသော မုန့်နှစ်ထဲမှာ သမသွားအောင် မွှေပေးပါ
ဒယ်အိုးထဲမှာ ဆီခပ်များများ ထည့်ပေးပြီး ဆီကိုမီးအနေတော်နှင့် အပူပေးပါ
ဆီပူလာပါက မုန့်နှစ်လူးထားသော ငှက်ပျောသီး မုန့်နှစ်ကို ထမင်းစားဇွန်း ဇွန်းရှည်ဖြင့် တစ်ဇွန်းစာလောက် ခပ်ပေးပြီး ဆီပူထဲကို ထည့်ပေးပါ
အထက်ပါ နည်းအတိုင်း အိုးဆန့်သလောက် ထည့်ကြော်ပေးပါ
တစ်ဖက်ကျက်ရင် တစ်ဖက်ကို လှန်ပေးပြီး နှစ်ဖက်လုံးရွှေဝါရောင် သန်းလာပါက ဆယ်ပြီးဆီစစ်ပေးပါ
ဆီစစ်သွားတဲ့အခါမှာ အိအိလေးနဲ့ စားလို့အရမ်းကောင်းလွန်းတဲ့ ငှက်ပျောကြော် အိအိမွှေးမွှေးလေးကို မိမိနှစ်သက်သလို သုံးဆောင်လို့ ရပါပြီ။

image