21 w - Translate

မိနစ်(၉၀)နောက်ပိုင်းမှာ (၁၂)ဂိုးအထိသွင်းယူထားနိုင်ပြီး ရှုံးပွဲမရှိစံချိန်မှတ်တမ်းရယူထားနိုင်တဲ့ လေဗာကူဆင်

ယခုရာသီတွင် လေဗာကူဆင်အသင်းအနေဖြင့် ရှုံးပွဲမရှိမှတ်တမ်းကို (၄၉)ပွဲအထိ ရှေ့ဆက်နိုင်ခဲ့သော်လည်း ပွဲများစွာတွင် ရှုံးလုရှုံးခင် အခြေအနေများကို အကြိမ်ကြိမ်ကြုံတွေ့ခဲ့ရသည်။နှစ်ပေါင်း(၅၉)နှစ်ကြာ တင်ရှိထားသည့် ဘင်ဖီကာအသင်း၏ ပွဲဆက်တိုက်ရှုံးပွဲမရှိစံချိန်ကို ရိုက်ချိုးကျော်ဖြတ်နိုင်ခဲ့သည့် လေဗာကူဆင်အသင်း၏ ယခုရာသီတွင် ရှုံးပွဲကို သရေပွဲ၊ သရေပွဲကို နိုင်ပွဲအဖြစ် ပြောင်းလဲစေခဲ့သည့် မိနစ်(၉၀)နောက်ပိုင်း (ထပ်ဆောင်းအချိန်ပို) သွင်းဂိုး(၁၂)ဂိုးအား ပြန်လည်ဖော်ပြလိုက်ပါသည်။နည်းပြအလွန်ဆိုရ​ဲ့ လေဗာကူဆင်အသင်းဟာ ဘွန်ဒက်စ်လီဂါ(၆)ပွဲ၊ယူရိုပါလိဂ်(၅)ပွဲ နဲ့ ဂျာမန်ပိုကယ်လ်ဖလား(၁)ပွဲ များတွင် သရေ(သို့မဟုတ်)အနိုင်ဂိုးများသွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

■ မိနစ်(၉၀+၄) ဘိုင်ယန်မြူးနစ် (၂-၂) လေဗာကူဆင် (ဘွန်ဒက်စ်လီဂါ)
■ မိနစ်(၉၀+၄) ကာရာဘတ် (ဝ-၁) လေဗာကူဆင် (ယူရိုပါလိဂ်)
■ မိနစ်(၉၀+၄) အော့စ်ဘတ် (ဝ-၁) လေဗာကူဆင် (ဘွန်ဒက်စ်လီဂါ)
■ မိနစ်(၉၀+၁) လိုက်ပ်ဇစ် (၂-၃) လေဗာကူဆင် (ဘွန်ဒက်စ်လီဂါ)
■ မိနစ်(၉၀+၁) လေဗာကူဆင်(၃-၂) စတုဂတ် (ဂျာမန်ပိုကယ်ဖလား)
■ မိနစ်(၉၀+၂) ကာရာဘတ် (၂-၂) လေဗာကူဆင် (ယူရိုပါလိဂ်)
■ မိနစ်(၉၀+၃) လေဗာကူဆင် (၃-၂) ကာရာဘတ် (ယူရိုပါလိဂ်)
■ မိနစ်(၉၀+၈) လေဗာကူဆင် (၃-၂) ကာရာဘတ် (ယူရိုပါလိဂ်)
■ မိနစ်(၉၀+၁) လေဗာကူဆင် (၂-၁) ဟော်ဖန်ဟိမ်း (ဘွန်ဒက်စ်လီဂါ)
■ မိနစ်(၉၀+၇) ဘိုရပ်ရှားဒေါ့မန် (၁-၁) လေဗာကူဆင် (ဘွန်ဒက်စ်လီဂါ)
■ မိနစ်(၉၀+၇) လေဗာကူဆင်(၂-၂) စတုဂတ် (ဘွန်ဒက်စ်လီဂါ)
■ မိနစ်(၉၀+၇) လေဗာကူဆင်(၂-၂) ရိုးမား (ယူရိုပါလိဂ်)

image