21 w - Translate

Marketing လုပ်တဲ့အခါ ဒီ 4 ခု ပေးဆပ်ရတတ်တယ်

ဘာမှမပေးဆပ်ရင် ဘာရောင်းအားမှရမှာမဟုတ်ပါဘူး

=====

အဲ့ဒီ 4 ခုကတော့
1. ငွေတွေ (Money)​
2. အချိန်တွေ (Time)
3. ခွန်အားတွေ (Energy)
4. စိတ်ကူးစိတ်သန်းတွေ (Creativity) ပဲဖြစ်ပါတယ်

=====

တစ်ခုမပေးချင်ရင် တစ်ခုကိုပိုပေးမှ
ရောင်းအားရနေမှာဖြစ်ပါတယ်... ✅

ဥပမာ ကိုယ်က​ Marketing စရိတ် (ငွေ) ကို
လျှော့သုံးချင်တယ်ဆိုရင်

- Marketing အတွက် အချိန်ပိုပေးရနိုင်တယ်
- ပစ္စည်းကိုကြော်ငြာဖို့ Energy ပို​သုံးရနိုင်တယ်
- Idea များများထွက်ဖို့ ခေါင်းများများသုံးရနိုင်ပါတယ်

=====

Facebook ​ပေါ်မှာ Boost လုပ်တယ်ဆိုတာကလဲ
ပိုက်ဆံပေးပြီး လူတွေမြင်အောင်ကြော်ငြာတာမျိုးပါ

Content ပုံမှန်တင်တဲ့ Content Marketing ကတော့
ပိုက်ဆံကို ပေးဆပ်မဲ့အစား အချိန်တွေ၊
စိတ်ကူးစိတ်သန်းတွေ ပိုပေးဆပ်ရတာပေါ့... ✅✨

Budget လျှော့ပြီး Marketing လုပ်ချင်တယ်ဆိုရင်

- အချိန်ဖဲ့ပေးပြီး လူတွေမြင်အောင်ကြော်ငြာမလား?​

- ဟိုသွားဒီသွား သွားပြီး လူတွေမြင်အောင်လုပ်မလား?​

- ဘယ်သူမှ မလုပ်ဖူးတဲ့ ကြော်ငြာပုံ ကြော်ငြာနည်းတွေနဲ့ ထူးထူးခြားခြားလေးဖြစ်အောင် ကြော်ငြာနိုင်မလား?

တစ်ခုခုတော့ ရွေးချယ်ရပါလိမ့်မယ်..

=====

Marketing အတွက် ဘာမှမပေးဆပ်ချင်ရင်တော့
ရောင်းအားကောင်းကောင်းရဖို့ မမျှော်လင့်ပါနဲ့...

လောကမှာ အလကားရတဲ့အရာဆိုတာ
ရှိမှမရှိတာလေနော်... 🤷🏻‍♂️

Boost ဖိုးလျှော့ပြီး ရောင်းအားပိုရချင်ရင်
Marketing အတွက်
1. အချိန်ပိုပေးပါ
2. Energy ပိုသုံးပါ
3. စိတ်ကူးစိတ်သန်းကောင်းကောင်းထွက်ဖို့
အကျိုးရှိတဲ့စာအုပ်စာပေတွေများများဖတ်ပါ...✅

=====

Marketing အတွက် စိုက်ထုတ်မှုအားမရှိပဲနဲ့တော့
ရောင်းအားရလာမှာ မဟုတ်ပါဘူးနော်... 💖

နေ့တိုင်းတစ်ခုခုတော့ပေးဆပ်ပါ ✨🤗