Marketing လုပ်တဲ့အခါ ဒီ 4 ခု ပေးဆပ်ရတတ်တယ်
ဘာမှမပေးဆပ်ရင် ဘာရောင်းအားမှရမှာမဟုတ်ပါဘူး
=====
အဲ့ဒီ 4 ခုကတော့
1. ငွေတွေ (Money)
2. အချိန်တွေ (Time)
3. ခွန်အားတွေ (Energy)
4. စိတ်ကူးစိတ်သန်းတွေ (Creativity) ပဲဖြစ်ပါတယ်
=====
တစ်ခုမပေးချင်ရင် တစ်ခုကိုပိုပေးမှ
ရောင်းအားရနေမှာဖြစ်ပါတယ်... ✅
ဥပမာ ကိုယ်က Marketing စရိတ် (ငွေ) ကို
လျှော့သုံးချင်တယ်ဆိုရင်
- Marketing အတွက် အချိန်ပိုပေးရနိုင်တယ်
- ပစ္စည်းကိုကြော်ငြာဖို့ Energy ပိုသုံးရနိုင်တယ်
- Idea များများထွက်ဖို့ ခေါင်းများများသုံးရနိုင်ပါတယ်
=====
Facebook ပေါ်မှာ Boost လုပ်တယ်ဆိုတာကလဲ
ပိုက်ဆံပေးပြီး လူတွေမြင်အောင်ကြော်ငြာတာမျိုးပါ
Content ပုံမှန်တင်တဲ့ Content Marketing ကတော့
ပိုက်ဆံကို ပေးဆပ်မဲ့အစား အချိန်တွေ၊
စိတ်ကူးစိတ်သန်းတွေ ပိုပေးဆပ်ရတာပေါ့... ✅✨
Budget လျှော့ပြီး Marketing လုပ်ချင်တယ်ဆိုရင်
- အချိန်ဖဲ့ပေးပြီး လူတွေမြင်အောင်ကြော်ငြာမလား?
- ဟိုသွားဒီသွား သွားပြီး လူတွေမြင်အောင်လုပ်မလား?
- ဘယ်သူမှ မလုပ်ဖူးတဲ့ ကြော်ငြာပုံ ကြော်ငြာနည်းတွေနဲ့ ထူးထူးခြားခြားလေးဖြစ်အောင် ကြော်ငြာနိုင်မလား?
တစ်ခုခုတော့ ရွေးချယ်ရပါလိမ့်မယ်..
=====
Marketing အတွက် ဘာမှမပေးဆပ်ချင်ရင်တော့
ရောင်းအားကောင်းကောင်းရဖို့ မမျှော်လင့်ပါနဲ့...
လောကမှာ အလကားရတဲ့အရာဆိုတာ
ရှိမှမရှိတာလေနော်... 🤷🏻♂️
Boost ဖိုးလျှော့ပြီး ရောင်းအားပိုရချင်ရင်
Marketing အတွက်
1. အချိန်ပိုပေးပါ
2. Energy ပိုသုံးပါ
3. စိတ်ကူးစိတ်သန်းကောင်းကောင်းထွက်ဖို့
အကျိုးရှိတဲ့စာအုပ်စာပေတွေများများဖတ်ပါ...✅
=====
Marketing အတွက် စိုက်ထုတ်မှုအားမရှိပဲနဲ့တော့
ရောင်းအားရလာမှာ မဟုတ်ပါဘူးနော်... 💖
နေ့တိုင်းတစ်ခုခုတော့ပေးဆပ်ပါ ✨🤗