21 w - Translate

ပရီးမီးယားလိဂ်တစ်လတာ အကောင်းဆုံးနည်းပြဆုကိုတတိယအကြိမ်မြောက် ဆွတ်ခူးခဲ့တဲ့ ရှောင်ဒိုက်

အဲဗာတန်အသင်းနည်းပြရှောင်ဒိုက်သည် ပြီးခဲ့သည့် ဧပြီလအတွက် ချီးမြှင့်သည့် ပရီးမီးယားလိဂ်တစ်လတာ အကောင်းဆုံးနည်းပြဆုကို ဆွတ်ခူးခဲ့ပြီး သူ၏နည်းပြဘဝတွင် ယင်းဆုကို တတိယအကြိမ်မြောက်အဖြစ် ရယူဆွတ်ခူးနိုင်ခြင်းဖြစ်ကြောင်း သိရသည်။ရှောင်ဒိုက်သည် ယင်းဆုကို ဘန်လေအသင်းအား ကိုင်တွယ်စဉ် (၂)ကြိမ်ဆွတ်ခူးခဲ့ဖူးပြီး (၂၀၁၈) မတ်လနှင့်(၂၀၂၀) ဖေဖော်ဝါရီလများက ရရှိခဲ့ခြင်းဖြစ်သည်။ရှောင်ဒိုက်၏ အဲဗာတန်အသင်းသည် ဧပြီလအတွင်းကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ် (၆)ပွဲတွင်(၄)ပွဲနိုင်(၁)ပွဲသရေ(၁)ပွဲရှုံး ကစားခဲ့ပြီး အများဆုံးရနိုင်သော ရမှတ်(၁၈)မှတ်မှ(၁၃)မှတ် ရယူနိုင်ခဲ့ကာ (ရမှတ်လျှော့ပြစ်ဒဏ်ကျခံထားသည့်ကြားမှပင်)တန်းဆင်းအန္တရာယ်မှ လွတ်မြောက်ခဲ့သည်။အဲဗာတန်အသင်း၏ နိုင်ပွဲများထဲတွင် မြို့ခံပြိုင်ဘက် ပရီးမီးယားလိဂ်အသင်းကြီးဖြစ်သည့် လီဗာပူးလ်အသင်းကို အနိုင်ရသည့်ပွဲလည်း ပါဝင်ခဲ့သည်။ယင်းအတွက်ကြောင့် အဲဗာတန်အသင်းကို ပရီးမီးယားလိဂ်၌ ရှင်သန်ခွင့်ရအောင် ရလဒ်ကောင်းများ ဆောင်ကြဉ်းပေးခဲ့သည့် ရှောင်ဒိုက်မှာ ပရီးမီးယားလိဂ်တစ်လတာ အကောင်းဆုံးနည်းပြဆုကို နာမည်ကြီးနည်းပြများအား ကျော်ဖြတ်ကာ ထိုက်ထိုက်တန်တန်ရရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။

image