21 w - Translate

ဘန်ကောက်မှာ ဒွန်မောင်းလေဆိပ်နဲ့ သုဝဏ္ဏဘူမိလေဆိပ်ဆိုပြီးတော့ လေဆိပ် ၂ ခုရှိပါတယ် ၊ မြန်မာနိုင်ငံကနေ လာပြီဆိုရင် ကိုယ်စီးလာမယ့် လေယာဉ်က ဒီလေဆိပ် ၂ ခုထဲက တစ်ခုခုမှာ ဆိုက်မှာ ဖြစ်ပါတယ် ၊

ဒွန်မောင်းလေဆိပ်ကနေ ဘန်ကောက်ရဲ့အချက်အချာကျတဲ့ နေရာ ( ၄ ) နေရာကို ပြေးဆွဲပေးနေတဲ့ လိုင်းကား (၄ )စီးရှိပါတယ်

A1 – Don Muang Airport to BTS Mo Chit
A2 – Don Muang Airport to Victory Monument
A3 –Don Muang Airport to Lumphini Park (မြန်မာတွေအတည်းများတဲ့ ပတူနမ်ဧရိယာကိုသွားချင်ရင် ဒီကားကို စီးရပါမယ်)
A4 - – Don Muang Airport to Khao San Road

အခုဖော်ပြပေးထားတဲ့ ကားလိုင်း (၄) ခုလုံးဟာ အမြန်လမ်းပေါ်ကနေတစ်ဆင့် သွားတာဘဲဖြစ်ပါတယ်။
ပိုမိုသေချာအောင် မင်မင်အခုမျှဝေပေးထားတဲ့ ဆော့ဝဲကနေ ကိုယ်သွားမယ့် လမ်းကြောင်းကိုကြည့်နိုင်ပါတယ်ခင်ဗျ။

ဆော့ဝဲလ်နှင့်ကြည့်ရန် (New Version) - https://bit.ly/3pE9XJu

image