21 w - Translate

(၅)နှစ်(၇)လအတွင်း ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးဆုရ ပထမဆုံးချယ်လ်ဆီးကစားသမား

ချယ်လ်ဆီးအသင်း၏ အင်္ဂလန်တောင်ပံကစားသမားကိုးလ်ပါးလ်မားသည် ပြီးခဲ့သည့် (၂၀၂၄) ဧပြီလအတွက် ပရီးမီးယားလိဂ်တစ်လတာ အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးရရှိခဲ့ပြီး ချယ်လ်ဆီးအသင်းတွင် (၅)နှစ်(၇)လအတွင်းယင်းဆုကို ပထမဆုံးရရှိခြင်းအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ချယ်လ်ဆီးအသင်းတွင် ပရီးမီးယားလိဂ်တစ်လတာ အကောင်းဆုံးကစားသမားဆုကို ကိုးလ်ပါးလ်မားမတိုင်ခင် နောက်ဆုံးရယူခဲ့သူမှာ ဘယ်လ်ဂျီယံတောင်ပံကစားသမား အေဒင် ဟာဇက်ဖြစ်ပြီး လွန်ခဲ့သည့် (၅)နှစ်ကျော်ဖြစ်သည့် (၂၀၁၈) စက်တင်ဘာလက ရရှိခဲ့ခြင်းဖြစ်သည်။ ပါးလ်မားသည် ဧပြီလအတွင်းချယ်လ်ဆီးအသင်း၏ ပွဲစဉ်များတွင် ခြေစွမ်းပြကစားကာ ဟက်ထရစ်(၂)ကြိမ်သွင်းယူပြီး (၇)ဂိုးအထိသွင်းယူနိုင်သည့်အပြင် အသင်းဖော်များဂိုးသွင်းနိုင်အောင်လည်း ကူညီပံ့ပိုးနိုင်ခဲ့သည်။ချယ်လ်ဆီးအသင်းတွင် အင်္ဂလန်ကစားသမားများထဲမှ ယင်းဆုကို နောက်ဆုံးရယူနိုင်ခဲ့သူမှာ အင်္ဂလန်ကွင်းလယ်လူ ဖရန့်လမ်းပတ်ဖြစ်ပြီး (၂၀၀၈) အောက်တိုဘာလက ရရှိခဲ့ခြင်းဖြစ်သည်။

image