21 w - Translate

လူကြီးတစ်ယောက် ဖြစ်လာရခြင်းဟာ
ပျော်စရာမကောင်းဘူး

ကိုယ်ပိုင်အချိန်တွေ နည်းပါးလာတယ်
အရင်က ပျော်ရွှင်မှုတွေ ပျောက်ဆုံးကုန်တယ်
ပုခုံးဖက် ပေါင်းနေကျလူတွေနဲ့ စိတ်တူကိုယ်တူ
ဆက်ဆံခွင့်တွေ လွင့်စင်သွားတယ်
ခပ်တည်တည်နေနေရတယ်
ခံစားချက်တွေကို အနောက်ဘက်ပို့ရတယ်
ဖြစ်ချင်တာတွေ မျိုသိပ်ရတယ်
ကိုယ့်အခွင့်အလမ်းထက် သူများအခွင့်အရေးကို
ပိုကြည့်ပေးရတယ်
မပြုံးချင်လည်း ပြုံးထားရတယ်
မငြင်းခုန်ချင်လည်း ငြင်းခုန်ရတယ်
ချစ်ခြင်း မေတ္တာနဲ့ ဝေးလာတယ်
ရှုမျှော်ခင်းတွေနဲ့ ဝေးလာတယ်
အထီးကျန်ခြင်းတွေကြားထဲ
အိမ်ပြန်ရက်တွေကို မေ့ထားခဲ့ရတယ် ။

#crd
နွေသစ်ငြိမ်း

image